September 21, 2024

Month: October 2023

လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာမှာ ဒီနေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး တကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။ ‘ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်’ ဆိုတဲ့ စာသားပါ ဘန်နာကိုင်ဆောင်ပြီးဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့၌ အညာပစ်တိုင်း ထောင်လေးများအဖွဲ့က အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း စစ်ဒေသ အမှတ် ( ၃ ) လက်အောက်ရှိ ၁၀၀၈ တပ်ရင်း ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က M79 ၄၀ မမ လောင်ချာ နဲ့...
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများ ကျွေးမွေးနိုင်ရနိုင်ရန်အတွက် အညာကမ်းလက်လူငယ်အဖွဲ့က အလှူငွေ ၂ သိန်းလှူဒါန်းခဲ့တယ်လို့ ပုလဲ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန် ထားပါတယ်။ အညာကမ်းလက် လူငယ်အဖွဲ့ရဲ့...
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့​ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊ ရေစကြိုမြို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ရေလယ်ကျွန်းဒေသကိုပါ စစ်ကြောင်းထိုးနေ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၀ရက် နံနက်၇နာရီခွဲခန့်က ရေစကြိုမြို့မ​ရဲစခန်းမှလာသော အင်အား၃၀ခန့်ပါ စစ်ကောင်စီတပ်အား မြို့အထွက် ခွားနီးခြံအနီးတွင်...
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က နယ်မြေရှင်းလင်း စစ်ဆေးမှုခဲ့တယ်လို့ KARENNI STATE POLICE-ကရင်နီရဲတပ်ဖွဲ့ တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ၃၈ မိုင်၊ မန်ပြိန်းရွာ အနီးမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကား ၁၈ စီးပါ စစ်ယာဥ်တန်းကို ကချင်လွတ်မြောက်ရေး တပ်မတော်-KIA က စောင့်ကြို တိုက်ခိုက်...