September 20, 2024

Month: October 2023

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ယနေ့စက်တင်ဘာလ ၂၉ ရက်က တိုက်နယ် ၄ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က...
စစ်ကိုင်းတိုင်း၊ ​ဒီပဲယင်းမြို့ရှိ ဆရာစံခန်းမ၌ ရောက်ရှိနေသည့် ဒဏ်ရာရစစ်ကောင်စီတပ်သားများအား မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း NUG (MOD)မှ ထုတ်ပြန်ကြေငြာခဲ့သည်။ စက်တင်ဘာ၂၈ နေ့လယ် ၃နာရီ ခန့်က ဒဏ်ရာရစစ်ကောင်စီတပ်သားများ နေထိုင်ရာ ဆရာစံခန်းမကို...
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့ပေါ်က အိမ်ဆောက် ပစ္စည်းဆိုင်ကို ဖယ်ခုံမြို့မရဲစခန်းက ရဲတပ်ကြပ် တစ်ဦး စက်တင်ဘာ ၂၈ ရက်က ဓားပြတိုက်တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။...
ဖရူဆိုတိုက်ပွဲ၌ စစ်ကြောင်းမှူး ကာဗြေလယ် (ခ) ကြက်ဖကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးအသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၅)က ယနေ့ ထုတ်ပြန်သည်။ KNDF တပ်ရင်း(၅)နှင့် ပူးတွဲ၍ ကရင်နီတပ်‌ပေါင်းစု ကွန်မန်ဒိုတွင် တာဝန်ထမ်းဆောင်ခဲ့သော စစ်ကြောင်းမှူး ကာဗြေလယ်(ခ)ကြက်ဖသည် စက်တင်ဘာ...
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၄ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော်သည် မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူ...
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့နယ်၊ ဘူဖျောင်းမြို့ တွင် ဦးကျော်မိုးလွင်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ဆက်လက်ခန့်ထားရေး ထောက်ခံပွဲနှင့် MFDMC ပြည်ပထောက်ပို့ တပ်သားသစ်များ ကြိုဆိုပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။...
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းမှ ထွက်လာ သော စစ်ကောင်စီ စစ်ကြောင်းကို PDF များက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု ရှိနိုင်ကြောင်း ပေါင်းတည်PDF ၃၆၀၁ တပ်ရင်း...
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းအား ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ (၂)က အသိပေးထုတ်ပြန်သည်။ ယမန်နေ့(စက်တင်ဘာ ၂၈) ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းနှင့် သုမင်္ဂလာလမ်းထောင့်ရှိ မြို့မရဲစခန်းအား မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ခွဲ...