September 21, 2024

Month: November 2023

မန္တလေးမြို့ရဲ့ အချက်အချာ နေရာဖြစ်တဲ့ စျေးချိုတော် အပါအဝင် မြို့တွင်းက ဘုရား၊ စေတီတွေနဲ့ ဘုန်းကြီးကျောင်းတွေ စုစုပေါင်း နေရာ(၂၀)လောက်မှာ ယခုရက်ပိုင်း စစ်အုပ်စု လာရောက်တပ်စွဲ အထိုင်ချ နေရာယူတာ တွေ့ရတယ်လို့...
မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ဒေသခံပြည်သူလူထုပူးပေါင်းကာ ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် “ဖက်ဆစ်တပ်ကိုစွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ” စာသားပါဘန်နာကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ကလေးနယ်မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ တံတား ၃ စင်းကို စစ်‌ကောင်စီတပ်က နိုဝင်ဘာ ၁၅ ရက် ဒီနေ့မနက်မှာ ဖြိုချဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကလေးမြို့၊ အိတ်စွက်ကျေးရွာကနေ...
ထားဝယ်မြို့အဝင်က အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်နဲ့ ဗျောတောဝစစ်ဆေးရေးဂိတ်တွေမှာ​ ပစ်ခတ်မှုနဲ့ပေါက်ကွဲ​မှုတွေ ဒီနေ့မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ​ဒေသခံတွေကပြောပါတယ်။ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်အနီးမှာရှိနေတဲ့ စစ်ကောင်စီ တပ်သား၊ ရဲနဲ့ မော်တော်ပီကယ်တွေကို တော်လှန်ရေးအဖွဲ့တခုက လက်နက်ငယ်တွေနဲ့ ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ လာရောက်ပစ်ခတ်ခဲ့ပါတယ်။...
ထားဝယ်ခရိုင်လောင်းလုံးမြို့နယ်မှာ ဒီနေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ စစ်တပ်ပိုင် ထုတ်ကုန်၊ ဝန်ဆောင်မှုလုပ်ငန်း(၈)မျိုးကို ဆန့်ကျင်သပိတ်မှောက်ဖို့နဲ့ စစ်ကောင်စီရဲ့ အခြေခံစီးပွားရေးထောက်တိုင်တွေကို လူထုအားနဲ့ ဆန့်ကျင်ဖြိုချဖို့ လှုံ့ဆော်တိုက်တွန်းခဲ့ကြပါတယ်။
ကယားပြည် ဒီးမော့ဆိုမြို့နယ်ရှိ ကြားကာလပညာရေးကျောင်းတစ်ခုကို အာဟာရကျွေးရန်နှင့် လိုအပ်သည်များသုံးစွဲရန် ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်နှင့် ဒါရိုက်တာဒေါ်မူစဲတို့မှ ငွေကျပ် ၇၅၀,၀၀၀ကို လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရဲ့ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းကလည်း အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေက” အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း”နဲ့ ”1027 လိုင်းတွေကို အောင်သပြေနဲ့...
ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးသင့်ပြည်သူ ၂၅၀ ကို S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ မှ တစ်ဆင့် ပြည်သူတစ်ဦးမှ အာဟာရဒါန ထမင်းများကျွေးမွေးလှူဒါန်းခဲ့သည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေးစခန်း (မန္တလေး ကျောက်ဝိုင်း) ကို ဗုံးဖောက်ခွဲမယ်ဆိုတဲ့ သတင်း ကြားသိရလို့ ဆိုပြီး စစ်အုပ်စုက ဒီမနက်ပိုင်း ကျောက်ဝိုင်းထဲ ဝင်ရောက်သူတွေကို ပိတ်ဆို့စစ်ဆေး...
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ ဆီစက်ကုန်း အနီးမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ် တပ်သားတွေက ကားတွေကို ဖမ်းဆီးပြီး မူးယစ်ဆေးဖိုး ငွေတောင်းခဲ့တယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေက...