November 24, 2024

Month: November 2023

စစ်ကောင်စီတပ်ဖွဲ့တွေ ကျေးရွာတွေမှာ စစ်ကြောင်းထိုးနေချိန် ထားဝယ်မြို့ပေါ်မှာလည်း ဧည့်စာရင်းအကြောင်းပြပြီး ညဘက် စစ်ဆေးတာတွေ အခုရက်ပိုင်း ပိုမိုလုပ်ဆောင်လာတယ်လို့ မြို့ခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ လေးရက်လောက်ကစလို့ မြို့ပေါ်က ဥဿရံ၊ မြောင်းပုလဲနဲ့ မြို့သစ်ရပ်ကွက်တွေမှာ ဧည့်စာရင်းအကြောင်းပြစစ်ဆေးခဲ့ပြီး...
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်...
ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီက ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့၌ သပြေညို လူထု လှုပ်ရှားမှု အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင် ကော်မ‌တီနှင့် ဒေသ ပြည်သူများ ပူးပေါင်းကာ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့၌ အောင်သပြေ လူထု လှုပ်ရှားမှု အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး...
ရေစကြိုမြို့နယ်တွင် ရေစကြို ပ. က. ဖ ရေကင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြောင်း အောင်သပြေပန်းများနှင့် ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းမာပင်မြို့နယ်တွင် လူငယ်အားမာန် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရေစကြိုမြို့နယ်တွင် အောင်သပြေ လူထုလှုပ်ရှားမှု အဖြစ် ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ် ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို ရေစကြိုမြို့နယ်...
မလေးရှားနိုင်ငံ Kepong မြို့ရှိ NLD OC International Malaysia ရုံးမှ ဦးဆောင်၍ IDEAL Convention Centre တွင်ကျင်းပသော The Way ရုပ်ရှင်ပြပွဲကို ယနေ့...
ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ် နန်းစံခမ်း စခန်းသိမ်းပိုက်စဉ် ကရင်နီတော်လှန်ရေးအဖွဲ့အစည်းများက သိမ်းပိုက်ရရှိသော လက်နက်များနှင့်စစ်သုံ့ပန်းများ မှတ်တမ်းဓာတ်ပုံကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ဖော်ပြသခဲ့သည်။ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည့် နမ်းစံခမ်းစခန်းသိမ်းတိုက်ပွဲ ဓာတ်ပုံမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်...
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း Wundwin Township Revolution Force အဖွဲ့၏ တာဝန်ခံက ပြောသည်။ ယနေ့ (နိုဝင်ဘာ ၁၂ရက်)နံနက်...