September 20, 2024

Month: November 2023

လက်ပံတောင်းတောင်ဒေသတွင် ပြည်သူများက စစ်တပ်ထုတ်ကုန်ပစ္စည်းမှန်သမျှ သပိတ်မှောက်ကြရန်နှင့် ၁ဝ၂၇ စစ်ဆင်ရေးနှင့်အတူ လှုပ်ရှားကြရန် ပြည်သူလူထုသို့ နိူးဆော်၍ ယနေ့ နိုဝင်ဘာ ၄ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြသည်။
ယင်းမာပင်မြို့နယ်တွင် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း-ကယား နယ်စပ်ကနေ ကယားပြည်နယ်ထဲ စစ်ကြောင်းထိုးဖိုး ပြင်ဆင်ထားတဲ့ စစ်ကောင်စီတပ်တွေကို အောက်တိုဘာလ အကုန်ပိုင်းမှာ ရှမ်းပြည်နယ်မြောက် ပိုင်း တိုက်ပွဲတွေဆီ အင်အားဖြည့်ဖို့ တပ်ပြန်ဆုတ်သွားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ စစ်ကောင်စီနဲ့...
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ပြည်သူလူထုတွေအနေနဲ့ နေရပ်မပြန်ကြသေးဖို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဒီကနေ့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။ နေရပ်မပြန်ခိုင်းသေးသည့်အကြောင်းအရင်းမှာ ဒီးမော့ဆိုမြို့ဟာ လက်ရှိအချိန်အထိ စစ်မြေပြင်ဖြစ်နေသေးကြောင်း၊ နယ်မြေရှင်းလင်းရေး မပြုလုပ်ရသေးသည့်အကြောင်း၊...
သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက် ကျခံနေရသူတွေကို မနက်ဖြန်( နိုဝင်ဘာလ ၅ ရက်) ကစတင်ပြီး စစ်ကောင်စီဘက်က ထောင်ဝင်စာဧည့်တွေ့ခွင့်ပေးမယ်လို့ နိုင်ငံရေးအကျဉ်းသားအရေးကူညီပေးနေသူတွေထံကစုံစမ်းသိရပါတယ်။ ကနဦးအနေနဲ့ အင်းစိန် ထောင်နဲ့ မန္တလေး အိုးဘိုထောင်တွေမှာ...
နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ အဝင်အထွက် စုပေါင်းဂိတ် ပစ်ခတ်ခံရပြီး ရဲ ၁ ဦး ကျည်ဆန်ထိမှန်သေဆုံးပြီး ရဲ ၁ ဦးဒဏ်ရာရရှိကြောင်း...
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေး ရွာ၊ ဩကြီးဈေးဆိုင်အနီးတွင် ဝင်းကရဲကင်းစခန်းမှ ရဲတပ်သား ဇော်နိုင်ဝင်း ကို ယနေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ ယနေ့ မွန်းလွဲ ၁၂ နာရီ...
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရာရှိများ တိုက်ပွဲများတွင် သေဆုံးခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများ များပြားလျက်ရှိနေသဖြင့် သီပေါမြို့နယ် တုံစင့်ဘိုးဘိုးကြီး နတ်နန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသက်အန္တရာယ် ဘေးကင်းရှင်းရေး ပွဲထိုး ဆုတောင်း ယတြာချေနေရကြောင်း...
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ အမှတ် ၈ ကပစ စက်ရုံကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၄ ရက်နေ့...
ချင်းပြည်နယ်၊မင်းတပ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ CDF မင်းတပ်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက မင်းတပ်မြို့နယ် ၁၆ မိုင်နဲ့...