September 20, 2024

Month: November 2023

တရုတ်-မြန်မာနယ်စပ် မူဆယ်နှင့်ထိစပ်လျက်ရှိသော တရုတ်နိုင်ငံဘက်အခြမ်းတွင် တရုတ်စစ်တပ်က သံချပ်ကာ ကားများဖြင့် စစ်ရေးပြပြီး လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ အောက်တိုဘာလ ၃၁ ရက်နေ့ တရုတ်ပြည်ဘက်အခြမ်း မူဆယ်နှင့်ထိစပ်လျက်ရှိသော နန်းတော်ပေါက် အနီးတို့တွင်သံချပ်ကာကားများ၊...
ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေး ၅ ရက်မြောက် ဖြစ်တဲ့ မနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်စခန်း ၉ ခုကို ညီနောက်မဟာမိတ်တပ်တွေ ထပ်မံ...
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှ မြစ်ကြီးနားမြို့နယ်အထိ ပြေးဆွဲမည့် ရထားလမ်းပိုင်းဖွင့်ပွဲနှင့် ရထားခရီးစဉ်ကို ပြည်သူများ လိုက်ပါခြင်းမပြုရန် မိုးကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးလိုက်ပြီး ရထားခရီးစဉ်တွင် လိုက်ပါသူများနှင့်ပတ်သက်၍ လုံး၀(လုံး၀) တာဝန်ယူမည်မဟုတ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက...
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျောက်မဲမြို့နယ် မြို့မရဲစခန်းတွင် သာသနာ့အလံထောင်ပြီး ရဲများက အချုပ်သားများခေါ်ဆောင်၍ ရဲစခန်းမှ ထွက်ပြေးနေကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ နောင်ချို၊ သိန္နီမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျောက်မဲမြို့နယ်ကိုလည်း...
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့ ဗမာ ပြည်သူ့လွတ်မြောက်ရေးတပ်တော်( BPLA) ရဲ့ ကျဆုံးသွားသော ရဲဘော် ၄ ဦးကို အာဇာနည် အလေးပြုပြီးသေနတ်ပစ်ဖောက်ဂုဏ်ပြုခဲ့တယ်လို့ ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားပါ တယ်။...
ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်​ ကော်မတီနှင့် ဒေသပြည်သူများ ပူပေါင်းကာ စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယော်ယော်နှင့် ပြည်ပရောက်သူငယ်ချင်းများက လှူဒါန်းသော စားသောက်ကုန် ပစ္စည်းများကို KNDFနှင့် CDM ရဲဘော်များက သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် အင်္ဂလန်နိုင်ငံနေ Sandee Mcgrath မှ လှူဒါန်းပေးသည့် ဆန်အလှူကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့၌ အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့​ကြောင်း သိရသည်။
ကယားပြည်နယ်ရှိ CDM အချို့နှင့် ရန်ကုန်၊မန္တလေး၊ပဲခူး လေးမြို့နယ်က CDM ၂၇ ဦးကို တစ်ယောက်တစ်သိန်းကျပ်နဲ့ စုစုပေါင်း ၂၇ သိန်းကျပ်ကို အလှူရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။