September 20, 2024

Month: December 2023

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီအင်အား ၃၀ ဖြင့် တပ်အထိုင်ချထားသော မြင်းခြင်းပျူကျေးရွာအား တော်လှန်ရေးအဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပြည်သူ့စစ်စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ် တော်လှန်ရေးရဲဘော်များထံမှ သိရသည်။ ရွှေဘိုခရိုင် အမှတ်၂၆ တပ်ရင်းမှ...
ပဲခူးတိုင်းအရှေ့ခြမ်း၊ စစ်တောင်းမြစ်ဝှမ်းတလျှောက်ရှိ ရှေ့တန်းစစ်မြေပြင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထဲရေးဝန်ကြီးနဲ့အဖွဲ့က ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်းမှာ လာရောက်တွေဆုံခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးထံက သိရပါတယ်။ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်နဲ့အဖွဲ့ဟာ...
ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက စစ်ရှောင်ကာလ ၂ နှစ်ကျော်ထိရှိနေကြပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ခရစ်စမတ်နေ့ကို အကျဉ်းချုံးသာပြုလုပ်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။ ဒါ့အပြင် အရင်နှစ်ကထပ် အခုနှစ်မှာ ပိုမိုခက်ခဲလာပြီး...
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲဖြစ်တာ နှစ်ရက်ရှိပြီလို့ ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။ မြိတ်မြို့ဘက်ကလာတဲ့ ရိက္ခာတင်ယာဥ်တန်းရဲ့ ရှေ့ပြေးကား ၄ စီးက စစ်ကောင်စီတပ်သားတွေနဲ့​ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုကျေးရွာအနီးမှာ မနေ့ကမနက်...
မန္တလေးတိုင်း၊ မြင်းခြံမြိုနယ်ရှိ ကုက္ကဲနယ်မြေရဲစခန်းကို မောင်းသူမဲ့လေယာဥ်ငယ် နှစ်စင်းဖြင့် ဗုံးချတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ(မြင်းခြံ)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကုက္ကဲရဲစခန်းကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၀နာရီခွဲမှ ညနေ...
ဘူးသီးတောင်မြို့နယ်မာ ဒေနိ(ဒီဇမ်ဘာ ၂၅ ရက်နိ)၊ နိခင်း ၁၁ နာရီလောက်က စပါးရိတ်နီရေ မူဆလင် အမျိုးသား တယောက်ကို စစ်ကောင်စီတပ်က သီနတ်နန့် လှမ်းပစ်လို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရဟိလားကြောင်း သိရပါရေ။...
မင်းပြားမာ ဒေနိ (ဒီဇမ်ဘာ ၂၅ ရက်နိ)နိခင်းက စစ်ကောင်စီတပ် ထောင်ထားရေ မိုင်းကို နင်းမိလို့ ပေါက်ကွဲမှုဖြစ်ပြီးကေ မြို့ခံတယောက် ခြီထောက်တဖက်ပြတ်ထွက်လားကြောင်းသိရပါရေ။ ခြီထောက်ပြတ်ထွက်လားသူမာ မင်းပြားမြို့၊ အောက်ရွာပိုင်းရပ်ကွက်က ကိုချင်း (၄၀...