September 20, 2024

Month: December 2023

စစ်အာဏာရှင်တော်လှန်ရေးရုပ်ရှင်ဖြစ်သည့် The Way ရုပ်ရှင်ပြသခြင်းမှ ရရှိထားသော ရံပုံငွေအနက်မှ ကျပ်သိန်း၇၀ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပေးပို့ထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ယနေ့ သတင်းထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ်၏...
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအထိုင်စခန်းရှိ ပျူစောထီးတပ်ဖွဲ့ဝင်နှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိသား စုတွေကိုပါ ခေါ်ဆောင်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တပ်ဆီကို လက်နက်ချအလင်းဝင်ခဲ့တယ်လို့ BRNA က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ...
လွိုင်ကော်နှင့် ဖယ်ခုံမြို့တို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီ၏ လေယာဥ် အပါအဝင် လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်နေ သည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ ယခုလ ဒီဇင်ဘာ ၁၈ ရက်နောက်ပိုင်း...
ရှမ်းမြောက်ရှိ မန်တုံမြို့ စစ်ကောင်စီတပ် ခလရ(၁၃၀) တပ်ရင်းကို တအာင်းတပ်မတော် (TNLA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် ၁၁ကြိမ်လာရောက်ကာ ဗုံးသီးများစွာ ကြဲချတိုက်ခိုက်ခဲ့သည်။ မန်တုံမြို့ အနီးတဝိုက်တွင် စစ်ကောင်စီတပ်မှ ဒီဇင်ဘာ...
ကြံခင်းမြို့တွင် ပြည်သူများက ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
ဆားလင်းကြီးမြို့နယ် အိမ်မီးရှို့ခံလိုက်ရသည့်စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် တစ်အိမ်ထောင်လျှင် စောင် ၁ ထည်နှုန်း လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ ရာသီဥတုအေးလာတဲ့အတွက် စောင်နဲ့အနွေးထည် အ ကူအညီတွေ အရေးပေါ် လိုအပ်လျက်ရှိတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဦးဆောင်၍ ဒေသခံ ပြည်သူများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်ယာသပိတ်ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်က ဆင်နွှဲခဲ့ကြသည်။ ဆန္ဒပြပြည်သူများက တောင်ယာစိုက်ပျိုးရင်း “China:Stop killing...
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာယာ၌ အကြမ်းဖက်စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်အပါ အဝင် Non CDM ဝန်ထမ်းများ လမ်းလျှောက်ပွဲပြုလုပ်နေစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Goldern Eagle...
လူငယ်အားမာန်သပိတ်စစ်ကြောင်းနှင့် တော်လှန်တောင်သူများအတူ ပူးပေါင်း၍ “China: Stop Killing Myanmar People by Supporting Fascist Criminals´´ဘန်နာကို ကိုင်ဆွဲကာ သပိတ်တိုက်ပွဲပြုလုပ်ခဲ့ကြသည်။