September 23, 2024

Year: 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပမယ့် တန်ဆောင်တိုင်ပွဲကို ပြည်သူတွေ အနေနဲ့ မလည်ပတ်ဘဲ သပိတ်မှောက်ဖို့ အောင်ပန်းမြို့ပြ ပြောက်ကျားတပ်ဖွဲ့-UTF က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ တိုက်တွန်းပါတယ်။ ကရင်နီပြည်နယ်နဲ့...
စစ်ကိုင်းတိုင်း၊နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်အင်အားစုက ဦးဆောင်ပြီး ဒီနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ “ဖက်ဆစ်တပ်ကစွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကနီမြို့နယ်တွင် နွေဦးတော်လှန်ရေး သပိတ်အင်အားစုနှင့် ဒေသ ပြည်သူများ ဦးဆောင်ကာ တော်လှန်ရေး ရုပ်ရှင်ပြသပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုးကန့်ဒေသ လောက်ကိုင်မြို့အတွင်းရှိ တရုတ်နိုင်ငံသားများအနေဖြင့် အသက်ဘေးအန္တရာယ်လုံခြုံရေးအတွက် မိမိနိုင်ငံအမြန်ဆုံးပြန်ကြရန် ကိုးကန့်တပ်မတော်(MNDAA) က ယနေ့ သတိပေး ထုတ်ပြန်သည်။ ပြီးခဲ့သည့် ရက်ပိုင်းကတည်းက လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဖြစ်ကြောင်း အသိပေးထားသည့် MNDAA က...
ထားဝယ်မြို့နယ်၊ ဟိန္ဒားရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မွန်းလွဲ ၂ နာရီကျော်လောက်မှာ တပ်စခန်းကိုတဖက်က လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်တဲ့အသံကြားရပြီး ချက်ချင်းပဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကာ...
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အင်အားထပ်ဖြည့်ပြ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယမန်နေ့(နိုဝင်ဘာ ၁၇)နေ့လယ် ၂...
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်ဖြင့် ညပိုင်းကင်းလှည့်နေပြီး လူဖမ်းကာ ပေါ်တာဆွဲမည်ဟူသော သတင်းများထွက်ပေါ်နေသည်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကဦးဆောင်နေသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာလဆန်းမှစ၍ ဧရာဝတီတိုင်းအတွင်း ဝင်ပေါက်မြို့များ၌ လုံခြုံရေး‌ယူသည်။...
ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထုများ ဦးဆောင်သည့် အားမာန်သစ်သပိတ်‌စစ်ကြောင်းသည် “၁၀၂၇လှိုင်းတွေကို အောင်သပြေနဲ့ ကြိုဆို ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခိုလှုံကြ”စာသားကို ကိုင်ဆောင်ကာ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုကြောင်းနှင့် အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း...
တောင်ကိုရီးယားနိုင်ငံ၊ဖျောင်းထက်မြိုနှင့် ဒယ်ဂူးမြို့များတွင် ရန်ပုံငွေထောက်ပို့နိုင်ရေးအလှူခံခဲ့ပြီး စစ်အာဏာသိမ်းမှုအလိုမရှိကြောင်းဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။ ဆန္ဒပြပွဲတွင် ဒယ်ဂူး ဘုန်းဘုန်းမှ နွေဦးတော်လှန်ရေးတွင် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူနိုင်ငံသားတို့ ယခုအချိန်တွင် စည်းရုံးမှု ညီညွတ်မှု ပေါင်းစည်းမှုအဓိကကျပြီး ထောက်ပို့မှုကိုအရှိန်အဟုန်မြင့်ဆောင်ရွက်သင့်ကြောင်း အသိပေးတိုက်တွန်းစကားဆိုခဲ့ကြောင်း...
လောင်းလုံးမြို့နယ်တွင် နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (RWU) မှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။