September 24, 2024

Year: 2023

ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကောင်စီ၏ ရိဒ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်များက ယနေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ချင်းတော်လှန်ရေးတပ်ဖြစ်သော CNA မှ သတင်းရင်းမြစ်က ပြောဆိုသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်...
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် စစ်ကား ၂ စီးကို AA က မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကား ၂ စီးလုံးကို သိမ်းပိုက်ရရှိကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ နိုဝင်ဘာလ ၁၃...
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်ကြံ့ခိုင်ရေးပါတီမှ ရပ်ကျေးပါတီဝင်များကို စစ်မှုထမ်းရန် စည်းရုံးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ညောင်တုန်းမြို့ရှိ မြို့နယ်ကြံ့ခိုင်ရေးပါတီရုံးသို့ နေပြည်တော်မှ ပါတီအလုပ်အမှုဆောင်အချို့ နိုဝင်ဘာ ၁၀ရက်နေ့က ရောက်ရှိလာခဲ့ကာ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း တပ်အင်အားလိုအပ်ချက်အရ...
စစ်ကောင်စီတပ်ဖွဲ့တွေ ကျေးရွာတွေမှာ စစ်ကြောင်းထိုးနေချိန် ထားဝယ်မြို့ပေါ်မှာလည်း ဧည့်စာရင်းအကြောင်းပြပြီး ညဘက် စစ်ဆေးတာတွေ အခုရက်ပိုင်း ပိုမိုလုပ်ဆောင်လာတယ်လို့ မြို့ခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ လေးရက်လောက်ကစလို့ မြို့ပေါ်က ဥဿရံ၊ မြောင်းပုလဲနဲ့ မြို့သစ်ရပ်ကွက်တွေမှာ ဧည့်စာရင်းအကြောင်းပြစစ်ဆေးခဲ့ပြီး...
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်...
ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီက ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့၌ သပြေညို လူထု လှုပ်ရှားမှု အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင် ကော်မ‌တီနှင့် ဒေသ ပြည်သူများ ပူးပေါင်းကာ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့၌ အောင်သပြေ လူထု လှုပ်ရှားမှု အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး...
ရေစကြိုမြို့နယ်တွင် ရေစကြို ပ. က. ဖ ရေကင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြောင်း အောင်သပြေပန်းများနှင့် ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းမာပင်မြို့နယ်တွင် လူငယ်အားမာန် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရေစကြိုမြို့နယ်တွင် အောင်သပြေ လူထုလှုပ်ရှားမှု အဖြစ် ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ် ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို ရေစကြိုမြို့နယ်...