September 24, 2024

Year: 2023

တောင်ကိုရီးယားနိုင်ငံ၊ဂယောင်းဂျူးမြို့၊၁၁၁၁ လေးလုံးအထိန်းအမှတ်ဆုတောင်းဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားတွင် ၁၀၂၇ စစ်ဆင်ရေးအားပေးထောက်ခံကြောင်း၊ အောင်မြင်မှုနောက်တွင် ထောက်ပို့မှုလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင်သမ္မတကြီးအပါဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရန် ဆုတောင်းစကားဆိုခဲ့ကြသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု၊ မြေပြင်တပ်တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က မြို့ကို ဆက်လက်ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ PDF က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို နိုဝင်ဘာ...
၁၁၁၁ လူထုလှုပ်ရှားမှုနဲ့ ၁၀၂၇ စစ်ဆင်ရေးကို အားပေးထောက်ခံတဲ့ ပြည်သူလူထုကို ကျေးဇူးတင်ကြောင်း ညီ‌နောင်မဟာမိတ်အဖွဲ့က နိုဝင်ဘာ ၁၁ ရက် ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒီကနေ့မှာ မြန်မာနိုင်ငံတွင်းနိုင်ငံရေးလှုပ်ရှားသူတွေသာမက ပြည်ပရှိ တက်ကြွလှုပ်ရှားသူတွေပါ...
စစ်ကိုင်းတိုင်းရှိ NUG မြေပြင်ပြည့်သူ့ အခြေပြုကျောင်းမှ ကျောင်းသူ၊ကျောင်းသားများမှ ၁၁၁၁ အောင်သပြေ လှုပ်ရှားမှုအဖြစ် ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်မြို့တွင် အင်းစိန်မြို့မရဲစခန်း၊ အင်းစိန်ထောင်ဂိတ်အမှတ် ၂ ၊ မြောက်ဥက္ကလာစည်ပင်ရုံး၊ သာကေတ၊ ပြည်သူ့ရင်ပြင်ရှိ စစ်တပ်ဂိတ်တို့ကို ယနေ့ ညပိုင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး သေနတ် ပစ်ခတ်သံများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဒဏ်ရာရရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသပြည်သူများက...
ဂန့်ဂေါခရိုင် တပ်ရင်း၈ တပ်ခွဲမှ ရဲဘော်များ စုပေါင်း၍ ၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှု အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လောက်ကိုင်မြို့အထွက် ၁၀ တန်ဂိတ်ဘက်သို့ စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် စစ်ဘေးရှောင် ပြည်သူများမှာ ထွက်ပြေးနေရပြီး ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောဆိုသည်။...
စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းဒေသမှ ကျေးရွာတစ်ရွာ၏ ၅/လက်ပံတောင်းသပိတ်စစ်ကြောင်းသည် သပိတ်စစ်ကြောင်းပြည်သူများနှင့်အတူ ဖက်ဒရယ်ရင်သွေးငယ် ပ.ထ.ကကျောင်းသားကျောင်းသူများက Operation 1027 စစ်ဆင်ရေးကို သပြေပန်းဖြင့်ထောက်ခံကြိုဆိုဂုဏ်ပြုပွဲပြုလုပ်ခဲ့ကြသည်။
မေမြို့သပိတ်အင်အားစုများနှင် ပြည်သူများ ပူးပေါင်း၍ ၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှု အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
ကယားပြည်နယ်တွင် ၁၁၁၁ အောင်သပြေလှုပ်ရှားမှုနှင့် ၁၁၀၇ စစ်ဆင်ရေး ၁၂၀၇ စစ်ဆင်ရေးကို ကြိုဆိုကာ ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်နှင့် ကယားပြည်နယ်က လူငယ်များစုပေါင်းကာ စတစ်ကာကမ်ပိန်း လှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြောင်းသိရှိရသည်။