September 20, 2024

Month: January 2024

ယင်းမာပင်မြို့နယ်တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်များ ကိုယ်စား မီးရှို့ခံကျေးရွာ၂ရွာ၊ အိမ်ခြေ ၅၁ အိမ်အတွက် စောင်၊ခြင်ထောင်၊ဆန်၊ဆီနှင့်စားသောက်ကုန်များထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်သည့် ရက်ပေါင်း (၇၁)ရက်တာကာလအတွင်း စစ်ကောင်စီ၏ရာချီသော စခန်းများနှင့် မြို့ကြီးအချို့တို့ကို သိမ်းပိုက်ရယူထားပြီး တစ်ပြိုင် နက်တည်းတွင် စစ်ရှုံးကာ စွန့်လွှတ်လိုက်ရသောစခန်းများထဲမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့သည် ၎င်းတို့၏မိခင်အဖွဲ့အစည်းထံ မရောက်ဘဲ ပုံစံအမျိုးမျိုးဖြင့်...
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာတစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁ (PPDF)မှ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံက ပြောသည်။ ယမန်နေ့(ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့)...
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်လုံ၊ ဟိုပန်၊ တာကော်အတ်၊ မန့်မန်းဆိုင်နှင့် မော်ဖဒေသများတွင် စစ်ကောင်စီ၏ အကာအကွယ်ယူ ထွက်ပြေးလွတ်မြောက်သွားသော ကျားဖြန့် အွန်လိုင်းလုပ်ကိုင်သူများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို လိုက်လံဖမ်းဆီး နယ်မြေရှင်းလင်းရေးလုပ်မည်ဟု ညီနောင် ၃ ဖွဲ့က...
ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်‌​သော ဟိုပန်မြို့မှ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအပါအဝင် စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကယနေ့တိုက်ခိုက်နေသည်။ “မနက် အစောကြီးကတည်းက တိုက်ပွဲဖြစ်နေတာပါ။ စစ်တပ်အတိုက်ခံနေရတာပါ” ဟု ဟိုပန်မြို့ခံတဦးပြောသည်။ ဟိုပန်မြို့သည် ချင်းရွှေဟော်၊ကွမ်းလုံမြို့တို့နှင့် ထိစပ်နေပြီး မြောက်ပိုင်းညီ​နောင်မဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားသည့် အဆိုပါမြို့နယ်နှစ်ခုမှ...
မန္တလေးတိုင်း၊တောင်သာမြို့ရှိ မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက် အောက်ခံ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၈ – Natogyi Regional Defence Force တာဝန်ရှိသူတစ်ဦးက...
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်အခြေစိုက်စစ်ကောင်စီတပ်စခန်းကို KNDOပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာ၃၁ရက်နေ့မနက်၄နာခွဲကျော်အချိန်တွင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့KNUသတင်းရင်းမြစ်ထံမှသိရှိရပါတယ်။ ၎င်းသတင်းရင်းမြစ်က ဒီဇင်ဘာ၃၁ရက်နေ့မနက်၄နာရီခွဲဝန်းကျင်းမှာKNDO၊PDFပူးပေါင်းအဖွဲ့တို့ဝင်တိုက်တာ စခန်းထဲမှာဒီဘက်ကရောက်နေကြပြီးစခန်းရခါနီးလောက်မှာ လေယာဉ်လာတော့ပြန်ဆုတ်လိုက်ရတယ်လို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာနှစ်ဘက်ထိခိုက်မှုရှိတယ် စစ်ကောင်စီဘက်ထိခိုက်မှုရှိတယ် သေဆုံးတာရှိမရှိ တော့အတည်ပြုမရဘူးလို့ သိရပါတယ်။ “KNDOပူးပေါင်းအဖွဲ့ဘက်ကထိခိုက်ဒဏ်ရာ၇ဉီးလောက်ရှိနေတယ် လေယာဉ်လာပစ်လို့ထိတာမဟုတ်ဘူး စခန်းထဲကနေ...
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ကိုင်းပြင်ကျေးရွာရှိ ကျေးလက်ဆေးပေးခန်းအား စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့၍ လူနာနားနေဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီခန့်က...
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူများက ၇၆ဟနှစ်ပြည့် လွတ်လပ်ရေးနေ့တွင် “စစ်မှန်သောလွတ်လပ်မှုအတွက် မဆုတ်မနစ်တိုက်ပွဲဝင်ကြ” ၊ “Freedom is not Free” စသည့် ဘန်နာများ ကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။