September 20, 2024

Month: February 2024

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ပြန်လည်ပစ်ခတ်မှုဖြစ်ပွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။ သုံးဆယ်မြို့၊ အလယ်ကုန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းမဘေး ၉ လမ်းထိပ်က ဝတ်ရည်မွန်စားသောက်ဆိုင်ရှေ့မှာ...
ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်၊တောင်လည်ရွာ၊ ညောင်ဝန်းကားလမ်းပေါ်တွင် ဆိုင်ကယ်များနှင့် ကားများဖြင့် သွားလာနေသော အကြမ်းဖက်စစ်သားများနှင့် ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း (၃၆၀၁ PPDF)တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက...
ရွှေဘို-မြစ်ကြီးနားလမ်းတွင် စစ်တပ်က အစစ်အဆေးများစွာဖြင့် လူငယ်များကို ဖမ်းဆီးနေကြောင်း စစ်ဆေးခံရမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ခရီးသည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ရွှေဘိုမြို့အထွက် လေ့ကျင့်ရေးတပ်ဂိတ်တွင် ခရီးသည်တင်ကားများအားလုံးကို စစ်ဆေးပြီး လူငယ်များကို ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။...
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစောထီးစစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ပြီး ကင်းပတ်ရန်ထွက်လာ သော စစ်ကြောင်းကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေး...
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင် စစ်တောင်းမြစ်ကူးတံတား၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပုဝါနီ စစ်ကြောင်းထံမှ သိရသည်။ ယနေ့‌ဖေဖော်ဝါရီလ ၁၇ ရက် နံနက်...
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းတွင် တပ်စွဲထားသော စစ်တပ် စစ်ကြောင်းမှ တပ်ကြပ်ကြီးတစ်ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ရောက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရုံးထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၁...
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မတစ်ထောင်(တစ်ကောင်ဘွား)...
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာမှာ အခြေစိုက်တဲ့ အမှတ်(၁)ခြေလျင်တပ်ရင်းထဲမှာ နောက်တန်းအင်အား နည်းပါးတာကြောင့် ပြည်သူ့စစ်တွေကိုခေါ်ကာ အင်အားဖြည့်တင်းထားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။ အခုနှစ်ဆန်းပိုင်းကစကာ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ထဲက နတ်တလင်း၊ ဇီးကုန်း၊...
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အောက်တောင်ကိုင်းကျေးရွာ၌ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်စဥ် ပိတ်မိနေသော ပြည်သူများကို ကယ်ထုတ်ရန်လာသည့် PDF ရဲဘော် နှစ်ဦးအား စစ်ကောင်စီတပ်က သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၁၅ ရက် နံနက်...
ဆားလင်းကြီးတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်တစ်ဦး၏ ၃၁နှစ်ပြည့်မွေးနေ့အထိန်းအမှတ်အဖြစ် စစ်ရှောင်ပြည်သူများကို မာလာရှမ်းကော လှူဒါန်းခဲ့ကြောင်း သိရှိရသည်။