September 21, 2024

Month: February 2024

တန့်ဆည်လူထုပင်မသပိတ် ဦးဆောင်၍ ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၇နှစ်မြောက်အထိမ်းအမှတ်အဖြစ် “စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအတွက် ရဲရဲတိုက်ပွဲဝင်ကြ” စာသားပါ ဘန်နာကို ကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ဆန္ဒပြခဲ့ကြသည်။
ဘုတလင်မြို့တွင် စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ချင်းတွင်း မြစ်ကြောင်းမှ ထွက်ပြေးသည့် စစ်ဘေးရှောင်များ၏စက်လှေတစ်စီးကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ​လှေနစ်မြုပ်ခဲ့​သော်လည်း စစ်ဘေးရှောင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကနီဒေသခံများက ကယ်ဆယ်နိုင်ခဲ့သည်။ “စက်လှေက ဒီဘက်ကမ်းရောက်ကာနီးမှာ အပစ်ခံရတာ။ ကမ်းနဲ့လည်း...
ရခိုင်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ် စစ်ရေးရှုံးနိမ့်နေချိန်မှာပဲ ရခိုင်တိုင်းရင်းသားတွေရဲ့စားသောက်ဆိုင်တွေနဲ့အရောင်းဆိုင်တွေမှာသွားရောက်အားမပေးဖို့ လှုံဆော်စာတွေ မန္တလေးမြို့မှာ ဖြန့်ဝေတာတွေရှိလာပါတယ်။ ရခိုင်ဆိုင်တွေ ထွက်သွားဖို့ ၊ ရခိုင်ဆိုင်တွေ ကို အားမပေးဖို့ စတဲ့ လူမျိုးရေး ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံဆော်စာတွေကို...
တနင်္သာရီတိုင်းတွင် လေယာဉ်လက်မှတ်ဝယ်ယူခြင်းနှင့် လေယာဉ်စီးခြင်းများအတွက် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ခှုပ်ရေးမှူး ထောက်ခံချက်ပါရှိမှ ရောင်းချပေးရန်နှင့် လေဆိပ်သို့ အုပ်ချုပ်ရေးမှူး ထောက်ခံချက် ယူဆောင်ရန် စစ်တပ်က လျှို့ဝှက် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ တနင်္သာရီတိုင်း၊...
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်များက လုံခြုံရေး တင်းကျပ်နေသည့်ကြားမှ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ယနေ့ လူထုသပိတ်ချီတက်ကြောင်း သိရှိရသည်။ အဆိုပါ သပိတ်ကို ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးလူထုသပိတ်ဆင်နွဲခဲ့ကြခြင်းဖြစ်ကြောင်း၊ တော်လှန်ပြည်သူများက...
ကချင်ပြည်နယ် ဖားကန့်- လုံးခင်း သပိတ်အင်အားစုက ရိုးရာဝတ်စုံများ ဆင်မြန်းကာ “မတရားမှု မှန်သမျှ စည်းလုံးညီညွတ်စွာ တိုက်ဖျက်ကြ ။”၊ “ပြည်သူလိုလားတဲ့ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာဖို့ အာဏာရှင်စနစ်ကိုဖြို ဖျက်ကြစို့ ။”...
အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အသက်သွင်းပြီးနောက် လူငယ်လူရွယ်များကို စစ်တပ်ထဲသို့ ခေါ်သွင်းရန် ပြင်ဆင်နေချိန် စစ်အာဏာရှင် တော်လှန်ရေးတပ်ဖွဲ့များကလည်း တော်လှန်ရေးရဲဘော်သစ်များကို အပြိုင်အဆိုင် ခေါ်ယူနေကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညပိုင်းတွင်...
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကင်းတဲကို ဒရုန်းဖြင့် ‌ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁...
ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် ရန်ကုန်- စစ်တွေ ကားလမ်းမရှိ ကစ္ဆပနဒီတံတားကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဂျက်တိုက်လေယာဉ် တစ်စီးနှင့် လာရောက်ဗုံးကြဲခဲ့ကြောင်း ကျောက်တော် ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီ...