September 20, 2024

Month: February 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြောက်ခြမ်းကျေးရွာများ သပိတ် စစ်ကြောင်းက ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး ချီတက် ဆန္ဒပြကြသည်။
ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီ – CYSC က “THE WAY” တော်လှန်ရုပ်ရှင်ကို ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာသို့ သွားရောက်ပြသခဲ့ကြသည်။
ဘုတလင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်၊ ဗဟိုစည်းရုံးကော်မတီ (စစ်ကိုင်းတိုင်း-ဘုတလင်ဒေသ)စည်းရုံးရေးရဲဘော်များ၊ ဘုတလင်မြို့နယ်အတွင်းရှိ ဗကသများအဖွဲ့ချုပ်ဝင် အခြေခံပညာကျောင်းသားသမဂ္ဂများနှင့် တကသများ ရန်ကုန်(ASU) တို့ပူးပေါင်းပြီး စစ်ကိုင်းတိုင်း-ဘုတလင်ဒေသခံ ကျောင်းသားလူထုကို စည်းရုံးလှုံ့ဆော်ကာ စစ်အာဏာသိမ်းခြင်းသုံးနှစ်ပြည့်နေ့တွင် စစ်သုံးစစ်(စစ်အစိုးရ၊စစ်အုပ်စု၊ စစ်ဗျူရိုကရက်ယန္တရား) တိုက်ဖျက်ရေး...
ပခုက္ကူမြို့နယ်အတွင်းကျေးရွာတစ်ခု၌ ပခုက္ကူလူထုတိုက်ပွဲကော်မတီ(PPRC)နှင့် ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းကာ တော်လှန်လူထု အသိပညာပေး၊ဖျော်ဖြေမှု (Revotainment) အဖြစ် The Way (Musical Film)၊ သစ္စာ၊ မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်၊ရှိခဲ့သည်။ နှင့် အခြားတော်လှန်ရေးရုပ်ရှင်များပြသကာ လူထုလှုံ့ဆော်ဖျော်ဖြေမှုနှင့်ဟောပြောပွဲအစီအစဉ်ပြုလုပ်ခဲ့ကြသည်။ တော်လှန်လူထုဟောပြောမှုတွင်...
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆားလင်းကြီးမြို့နယ် စစ်ရှောင်စခန်းတစ်ခုတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်စေရေး Photo Strike ပြုလုပ်ခဲ့ကြသည်။
အရာတော်မြို့နယ်တွင် အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ က ဦးဆောင်၍ The Way တော်လှန်ရုပ်ရှင် ဇာတ်ကားကို ပြသခဲ့ရာ ကျေးရွာပေါင်းစုံမှ လူအင်အား ထောင်ချီ၍ လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
လက်ပံတောင်းတောင်ဒေသခံပြည်သူများက “အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့် ချီ ” စာသားကို ကိုင်စွဲကာ ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စစ်အာဏာရှင်စနစ်ကျရှုံးရေး သပိတ်ကို လူထုဟစ်ကြွေးသံများနှင့် ထွက်ရှိခဲ့ကြသည်။
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအပေါ် စစ်ကောင်စီရဲ့ ပြင်းထန်တဲ့လေကြောင်းဗုံးကြဲမှုကြောင့် ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက ဆိုက်ခေါင်ရွာအရှေ့ဖက် လယ်ပွတ်ကျေးရွာမှ...
ရှမ်းမြောက် ၁၀၂၇ စစ်‌ဆင်ရေးမှာ သိမ်းပိုက်ခဲ့တဲ့ မန်တုံမြို့၊ မိုင်းလုံ၊ မိုင်းငေါ့မြို့တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ကနေ့ ၄ ရက်နေ့ထိ ထိပ်ပိုင်း‌ခေါင်းဆောင်တွေ ကွင်းဆင်းကြည့်ခဲ့ပြီး ရှမ်း၊ ကချင်၊...