September 20, 2024

Month: February 2024

ကြံခင်းမြို့တွင် ပြည်သူများက ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
အာဏာရှင်တော်လှန်‌ရေးပြည်သူ့တပ်မတော် (ADPRA) ယင်းမာပင် ခရိုင်၊တပ်ရင်းအမှတ် (၃၀) မှ ရဲဘော်များ နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတခုမှ ပူးပေါင်းတီထွင်ထားတဲ့ လက်လုပ် RPG ထုတ်လုပ်အောင်မြင်တယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့ တပ်မတော်မှ ဒီနေ့ရက်စွဲနဲ့ အသိပေးပါတယ်။...
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ...
ရန်ကုန်မြို့တွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဖေဖော်ဝါရီလ ၃ ရက်နေ့၌ “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” စာသားပါဘန်နာအား ချိတ်ဆွဲ၍ ဆေးနီပက်ဖြန်းခြင်းများ ပြုလုပ်ကာ စစ်အာဏာရှင်စနစ်...
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သား အလောင်း ၇ လောင်းနှင့် လက်နက် ၃ လက်သိမ်းဆည်းရရှိထားကြောင်း NUG...
ဆားလင်းကြီးမြို့နယ်ရဲ့ အားမာန်သစ် သပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြ တော်လှန်ပြည်သူတွေက “အားမာန်သစ် သပိတ်စစ်ကြောင်း” ဆိုတဲ့စာသားကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ဆန္ဒပြချီတက်ခဲ့ကြတာပါ။ ဒေသခံတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားထဲကနေပဲအကြမ်းဖက်စစ်တပ်ကျရှုံးရေး...
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိန်း စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ယနေ့တွင်မှ အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း KIA ၏ ထုတ်ပြန်ချက်နှင့် KIA သတင်းရင်းမြစ်၏ ပြောကြားချက်အရ...
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ...
ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း မင်းကင်းဒေသတွင် ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး “လူထုအာဏာအသက်သွင်းကြ” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟောပြောပွဲကို ယနေ့ (ဖေဖော်ဝါရီ ၃) ပြုလုပ်ခဲ့ကြသည်။ ယင်းဟောပြောပွဲကို ဗကသများအဖွဲ့ချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့နှင့် ဒေသစည်းရုံးရေးရဲဘော်များက...