September 20, 2024

Month: February 2024

မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ဝက်လှကလေးကျေးရွာမှ ကျည်ပြီးသည်ဟု နာမည်ကြီးနေသော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်လွင်ဆိုသူကို အမည်မသိသေနတ်သမားတစ်ဦး၏ ပစ်ခတ်ခံရမှုကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ဒေသခံပြည်သူ များကပြောသည်။ ဇန်နဝါရီ ၂၇ ရက်နေ့...
လက်ပံတောင်းတောင်ဒေသတွင် “အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင် ချီ ” စာသားကိုကိုင်စွဲကာ ယနေ့ ဖေဖော်ဝါရီ ၃ဝ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ကျရှုံးရေး လူထုဟစ်ကြွေးသံများနှင့် သပိတ်ချီတက်ထွက်ရှိခဲ့ကြကြောင်း သိရှိရသည်။
ကြံခင်းမြို့တွင် ပြည်သူများက ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ကိုစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးတပ်တွေက ဒီနေ့တရက်တည်းမှာတင် သုံးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်​ရေးရဲဘော်တွေက ပြောပါတယ်။ အင်အား ၁၅၀ လောက်ပါတဲ့စစ်ကောင်စီခြေလျင်စစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ သင်္ကန်းတုံးရွာအနီးက ဒေသအခေါ် ထီသစ်ဆိုတဲ့နေရာတဝိုက်မှာ ပထမအကြိမ်တိုက်ခိုက်ခံရပြီး...
အရာတော်မြို့နယ် ကျေးရွာအနှံ့အပြားတွင် The Way တော်လှန်ရုပ်ရှင်ဇာတ်ကားကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက ဦးဆောင်၍ ၃ ရက်ဆက် ပြသခဲ့ပြီး ကျေးရွာပေါင်းစုံမှ ပြည်သူလူထုထောင်ချီ လာရောက်အားပေးကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။
ဆားလင်းကြီးရှိ မီးဘေးသင့်ကျေးရွာမှ သက်ကြီး ဘိုးဘွား ၆၀ ဦးကို မုန့်၊ပုဝါနှင့် Ovaltine များကို အညာပစ်တိုင်းထောင်လေးများအဖွဲ့ကဖြင့် ကန်တော့ခဲ့ကြကြောင်း သိရှိရသည်။
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ...
ဆားလင်းကြီးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်တိုက်ပွဲကို မုံရွာပင်မလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ လက်ပံတောင်း တောင်ပင်မသပိတ်နှင့် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့က ပူးပေါင်းထွက်ရှိခဲ့ကြသည်။ အဆိုပါ လူထုသပိတ်တိုက်ပွဲကို ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေး (ပလဖ) ၊ တို့မှစီစဉ်ဆောင်ရွက်ပေးပြီး ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေး (ပကဖ)...
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်​တပ်က သေနတ်များ ပစ်ဖောက်ကာ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ကျွန်းလှရင်ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၂...
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျေးရွာတွေကို ဒီမနက်ပိုင်း စစ်အုပ်စုက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ရွာမီးရှို့၊ လုယက်၊ အကြမ်းဖက်နေလို့ ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။...