September 18, 2024

Month: March 2024

ယင်းမာပင်မြို့နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ (ယင်းမာပင်‌ဒေသ) ရဲဘော်များက ဦးဆောင်ပြီး ယင်းမာပင်မြို့နယ်အတွင်းရှိ ကျောင်းသားပြည်သူလူထုကို စည်းရုံးစုစည်းကာ စစ်သုံးစစ်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု ချီတက်ဆန္ဒပြပွဲပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ရွှေဘိုမြိုနယ် သပိတ်အင်အားစုနှင့် ရွှေဘိုမြိုနယ်ရွာတစ်ရွာမှ ပြည်သူများက စစ်အာဏာရှင်ကျဆုံးရေးနှင့် စစ်မှုထမ်းဥပဒေအလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ တိရိစ္ဆာန်ဥယျာဉ်ရပ်ကွက် အုပ်ချုပ်ရေးမှူး မင်းဦးက လူငယ် ၂၀ ဦးကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းရန် စစ်ထဲသို့ ယနေ့ ပို့ဆောင်ကာ မင်္ဂလာဒုံအရိုးအကြောစစ်ဆေးရုံတွင် ဆေးစစ်ရန်ဟုဆို၍ ခေါ်ဆောင်သွားပြီးနောက်...
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဘုရားကွင်း+အင်တောသာရွာသား ၁ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားပြီးနောက် သေနတ် ဒဏ်ရာဖြင့် သေဆုံးလျက် ပြန်တွေ့ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ မတ်လ ၂၆...
ထားဝယ်မြို့အဝင် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေ ဒီနေ့မနက်မှာ အလစ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့မနက် ၄ နာရီလောက်မှာ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကစစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက လာရောက်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး နာရီဝက်ခန့်အကြာ...
ရန်ကုန်တိုင်းတစ်တိုင်းတွင် ယနေ့ စစ်မှုထမ်းရန် ဆင့်ခေါ်ထားသည့် လူငယ်များကို မင်္ဂလာဒုံရှိ အရိုးအကြော စစ်ဆေးရုံတွင် ဆေးစစ်မှုများ ပြုလုပ်မည်ဖြစ်ပြီး လူငယ်များကို ပြည်သူများက ကြိုဆိုကြသည့်ပုံစံ လုပ်ကြံ ဖန်တီးကြိုဆိုကြရန် စစ်ကောင်စီက ပြင်ဆင်ထားကြောင်း...
စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” ကြွေးကြော်သံနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနှင့် ရွှေဘိုမြို့နယ် သပိတ်အင်အားစုတို့ပူးပေါင်းပြီး ပြည်သူလူထုကို တော်လှန် အသိတော်လှန်သတိများ ရှိစေရန် အထိုင်သပိတ်အခမ်းအနားနှင့် တော်လှန်ရုပ်ရှင်ပြသခြင်း လှုပ်ရှားပြုလုပ်ခဲ့ကြောင်းသိရသည်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး ယနေ့ မတ်လ ၂၇ ရက် (တော်လှန်ရေးနေ့)၊ ညနေပိုင်းတွင်”ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” ခေါင်းစဥ်နှင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရသည်။ ပြည်သူလူထုအပေါ်...