September 20, 2024

Month: March 2024

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၄ ရက်နေ့ တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ တိုက်နယ် ၅ခု၊ ကျေးရွာ ၈၀ကျော်ရှိ ရပ်ကျေး ပအဖ ၊ ပကဖများနှင့် ပြည်သူများကို ဖက်ဒရယ်ဒီမိုကရေစီအသိပညာ‌ပေးသင်တန်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဆာလင်းကြီးမြို့နယ်တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ရှောင်စခန်း ၅ နေရာရှိ ပြည်သူများကို အလှူရှင်ကိုယ်စား ထမင်းတစ်နပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ်တွင် ပုသိမ်မြို့နယ် ပ.က.ဖ သတင်းပြန်ကြားရေးရုံးအဖွဲ့က အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်‌ကြောင်းအိမ်တွင်းသပိတ်ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၄ ရက်နေ့၌ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ရဲတပ်သား ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ပေးခဲ့ကြောင်း Chinland Defense Force...
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အတင်းအဓမ္မစစ်မှုထမ်းရန် စာရင်းကောက်ပြီး စစ်ထဲသွင်းနေသည့် အုပ်ချုပ်ရေးမှူး စံလွင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF က သတင်းထုတ်ပြန်သည်။ ယနေ့မတ်လ ၂၄...
ချင်းပြည်နယ်၊ဟားခါးမြို့ပေါ် ရဲစခန်းဝန်းထဲက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတ်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက CDF Hakha တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးခဲ့တယ်လို့ CDF-Hakha က သတင်း ထုတ်ပြန်ပါတယ်။...
ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်မိသားစု ၃၆ စုစာအတွက် S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ယနေ့ မတ်လ ၂၄ရက်နေ့တွင် ဆန်များ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကြီးရွာ၌ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် ဆိုင် ထိုင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။...