September 20, 2024

Month: March 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အင်မထီး‌ ကျေးရွာမှ ကာလရှည်စစ်ရှောင်နေရသည့် ပြည်သူများကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က အခြေခံစားသောက်ကုန်များကို ပေးပို့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က စတင်ကျင့်သုံးနေသည့် စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံဘက်မှ လူငယ်များ ထွက်ပြေး ဝင်ရောက်လာမှုကို တားဆီးရေး ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်တွင် လုံခြုံရေးတိုးမြှင့်ထားရန် မဲဆောက်ခရိုင်အာဏာပိုင်အဖွဲ့က အမိန့်တစ်ရပ် ထုတ်ပြန်သည်။ ယမန်နေ့ ထုတ်ပြန်သော...
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးအုပ်စုကျေးရွာ ၇ ရွာမှ အိမ်ထောင်စု ၄၁၀ အတွက် ဒန်အိုးများကို လက်ပံတောင်းတောင်ပင်မသပိတ်၊ မြိုနယ်ပကဖတာဝန်ခံနှင့် မြို့နယ်အမျိုးသမီးနှင့် ကလေးသူငယ်တာဝန်ခံတို့ ပူးပေါင်းလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို မတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ထိုင်းအာဏာပိုင်များက ပြန်လည်ပို့ဆောင်လိုက်ကြောင်း ထိုင်းစစ်တပ်သတင်းရင်းမြစ်က သတင်းဖော်ပြသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးသည်...
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်အထိရှိပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။ မတ်လ ၈ရက်တွင် ဆွမ်ပရာဘွမ် မလိယန်တပ်စခန်း၊ မတ်လ ၁၃ရက်တွင် ဆွမ်ပရာဘွမ်...
ရွှေဗန့်ဂျီ(ရွာပေါင်းစုံ)သွေးမအေးသပိတ်စစ်ကြောင်းက ရေစကြိုမြို့နယ် မြောက်ခြမ်းကျေးရွာ တစ်ရွာမှာ လေယာဉ်ဆီ ဖြတ်တောက်ရေး ညသပိတ်နဲ့ တော်လှန်လူထုဖျော်ဖြေပွဲကို မနေ့ကညမှာ ပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ညသပိတ်နဲ့ တော်လှန်လူထုဖျော်ဖြေပွဲကို မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ ရန်ကုန်လူထုတိုက်ပွဲ ဦးဆောင်ကော်မတီတို့မှ...
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရှေ့တန်းရောက် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/ DPLA)မှ ဆေးတပ်သားတွေက ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/ DPLA)မှ ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/ DPLA)က ရှမ်းပြည်‌တောင်ပိုင်းမှာ စစ်အာဏာရှင် တော်လှန်ရေးအတွက်...
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်းမှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကနေ လူဦးရေ ၁,၂၀၀ ထိ စစ်မှုထမ်းစာရင်းယူထားရန် စီစဥ်နေတယ်လို့ ကဝမြို့နယ်ပကဖထံက သိရပါတယ်။ မတ်လဆန်းပိုင်းကစပြီး ရပ်ကွက်၊ ကျေးရွာတွေမှာ စစ်ကောင်စီဗဟိုက သတ်မှတ်ထားတဲ့ လူဦးရေစာရင်းထက် ပိုကောက်ခံခိုင်းထားပြီး...
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သာကေတရွာသားတဦးကို စစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးပြီး ဗိုက်ခွဲသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ခမရ ၃၆၁ စစ်သားတွေနဲ့ ပျူစောထီးပူးပေါင်းအင်အား ၁၈၀ ခန့်စစ်ကြောင်းက မတ်လ ၁၉ ရက်မှာ သာကေတရွာကို...
ရှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် မင်းပလောင်ကျေးရွာ‌ မြောက်ဘက်ပျဉ်းပင်ရေစခန်းအနီး စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို မိုင်း ၅ လုံး ဖောက်ခွဲ၍ ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကာ စစ်သား...