September 21, 2024

Month: March 2024

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ထံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်နှင့် ဒုဝန်ကြီး နိုင်ကောင်းရွက်တို့ သီးခြားစီသွားရောက်ပြီး လက်ရှိစစ်ရေး အခြေအနေများကို တင်ပြခဲ့ကြောင်း NUG သတင်းပြန်ကြားရေးဌာန PVTVက အသိပေး...
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်၊ သာကြီးတောင်ရေနံမြေရဲစခန်းမှ သူလျှို PDFရဲဘော်နှစ်ဦး လက်နက်ခဲယမ်းများသယ်ဆောင်၍ ထွက်ပြေးလွတ်မြောက်လာကြောင်း မြိုင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။ မတ်လ ၁၃ရက် ညနေ ၅နာရီခွဲခန့်က ပခုက္ကူ...
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်းအနီးတွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မတ်လ ၁၃ရက် ညနေ ၄ နာရီခွဲခန့်က မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်အား...
ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား မတ် ၁၄ ရက် ဒီနေ့မနက် ၄ နာရီကစပြီး တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ ၂၀၂၃ နိုဝင်ဘာလကတည်းက ထီးချိုင့်မြို့ပေါ်နှင့် အနီးဝန်းကျင်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး...
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စစ်ဘေးရှောင်တွေမှာ ရာသီအကူးအပြောင်းကြောင့် အဆုတ်ရောင်ရောဂါဖြစ်ပွားပြီး သေဆုံးတာတွေလည်းရှိတယ်လို့ People’s Healthcare Network- Kalay တာဝန်ခံ Dr Joshua ဆီက သိရပါတယ်။ စစ်ရှောင်ဦးရေ ၁၀၀...
ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်သပိတ်‌ စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ် ၁၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကျေးရွာတစ်ရွာတွင် မတရားစစ်မူထမ်း ဥပဒေကို ကန့်ကွက်သည့် လူထုအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲကို လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေက ဦးဆောင်ပြုလုပ်ခဲ့ပြီး “THE WAY” ရုပ်ရှင်ဇာတ်ကားကိုလည်း ပြသခဲ့ကြောင်း...
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် တိုက်ပွဲအတွင်း ပိတ်မိနေပြီး စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေသည့် ဒေသခံ ၂,၀၀၀ကျော်ကို ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများက ဦးဆောင်ပြီး ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီသည်...
ယင်းမာပင်မြို့နယ်အတွင်းက စည်လှောင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၄ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရကာ နေအိမ်တွေ ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံမှ သိရပါတယ်။...
ယင်းမာပင်မြို့နယ်မှာ “အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း” က အကြမ်းဖက် စစ်တပ် ကျရှုံးရေးဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေက အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး...