September 20, 2024

Month: April 2024

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အထက်ကျော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။...
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာ ၃ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း...
နယ်စပ်လုံခြုံရေး ကဏ္ဍအတွက် အိမ်နီးချင်း မြန်မာစစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ကန့်သတ် လျှော့ချထားတဲ့ အကြောင်းရင်းကို ဘင်္ဂလားဒေ့ရှ် စစ်တပ် အကြီးအကဲက ရှင်းလင်း ပြောကြားခဲ့ပါတယ်။ နယ်စပ်မှာ ခြေကုပ်ယူ လှုပ်ရှားနေတဲ့...
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲစခန်းမှ စစ်ကောင်စီ တပ်သား ၃ ဦး ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ ဧပြီလ ၁၄ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊...
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကနီလေး စစ်ရှောင်စခန်းသို့ နွေဦးတမာန်တော်လှန်ရေးထောက်ပို့(စစ်ကိုင်းအခြေဆိုက်)က တစ်ရက်စာ အသားဟင်းနှင့် အအေး၊ ဖာလူဒါများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) လှုပ်ရှားနယ်မြေများအတွင်း မိုးရာသီသွားလာရေး အဆင်ပြေစေရန် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)မှ ရဲဘော်များနှင့် ကျေးရွာနေလူထုတို့ ပူးပေါင်း၍ ရွာချင်းဆက်လမ်းများ၊ ရွာတွင်းလမ်းများ ပြုပြင်ခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတွင် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဧပြီလ ၁၉ ရက်နေ့...
ဒီပဲယင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူများကို ရွေရင်အေးများ ကျွေးမွေးလှူဒါန်းမှုကို အလှူရှင်ကိုယ်စား ဒီပဲယင်းမြို့နယ်ညီနောင်အဖွဲ့က ဧပြီလ ၁၉ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ဗကသများအဖွဲ့ချုပ်နှင့် ပြည်သူ့ စုပေါင်းအလှူငွေများဖြင့် ဧပြီလ ၁၉ရက်နေ့တွင် ထမင်းတစ်နပ်ကျွေးမွေးလှူဒါန်းခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွိုင်ကော်- ဆီဆိုင်လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာ နေသော ပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။...