September 20, 2024

Month: April 2024

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော် မတီ(DDMSC)က ဦးဆောင်ပြီး ‘ပိတောက် တွေနီစေ သင်္ကြန်မြေ’ ခေါင်းစဉ်နှင့် တော်လှန်သင်္ကြန်သံချပ်များဖြင့် သင်္ကြန်အတက်နေ့တွင် ပြည်သူများကို ဖျော်ဖြေခဲ့ကြောင်းသိရသည်။
ပြည်သူ့တော်လှ-န်စ-စ်ရဲ့ အနီးကပ်ပ-စ်မဲ့ မြိုပြတို-က်ပွဲတွေကို ဖော်ဆောင်နိုင်ဖို ကျ-ည်ကာအင်္ကျီနဲ့ ဦးထုပ်တွေ လိုအပ်ပါတယ်။ ဒါကြောင့်မို အတာကူးမဲ့ လတန်ခူးမှာ “နှစ်ကူးနဲ့အတူ အသက်ကယ်ဖိုလှူ” က-မ်ပိ-န်းမှာ ပါဝင်ပြီး ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကာကွယ်နိုင်ဖို ကုသိုလ်ပြုပေးကြပါဦးနော်။...
ရန်ကုန်မြို့တွင် တော်လှန် သင်္ကြန်အတက်နေ့ အဖြစ် သပိတ် အင်အားစုများက ပြည်သူများကို မုန့်လုံးရေပေါ်များ ဝေငှ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့ ဖားကန့်လမ်းဟောင်းနဲ့ မန္တလေးလမ်း‌‌ ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ စစ်တပ်ရဲ့ ၂ မိုင်ဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ မိုးကောင်း PDF က ထုတ်ပြန်ထားပါတယ်။ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့...
ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်း ၅ နေရာမှ စစ်ရှောင်ပြည်သူ ၅၀၀ ကျော် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ၂၀၂ နပ်မြောက်အဖြစ် ထမင်းနှင့် ဟင်းကို အလှူရှင်ကိုယ်စား လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်_လက်ပံတောင်းတောင်ပင်မသပိတ်က တော်လှန်သံချပ်ဖြင့် ပြည်သူများကို ယနေ့ ဧပြီ ၁၅ ရက်နေ့တွင် ဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။
ကချင်ပြည်နယ် ဆော့လော်မြို့နယ်ရှိစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့မနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က အတည်ပြုသည်။ ဆော့လော်မြို့အနီး ငါးမောဖွပ်ဒေသရှိ နယ်ခြားစောင့်တပ်စခန်းတစ်ခုကို ဧပြီ ၁၆ရက် နံနက် ၇နာရီတွင် သိမ်းနိုင်ခဲ့ကြောင်း...
တကသများရန်ကုန်နှင့် အညာဒေသမှ တော်လှန်လူငယ်များ ပူးပေါင်းပါ၀င်သည့် ဒေါင်းတို့ မျိုး ဆက်သံချပ်အဖွဲ့ အညာမြေတွင် စတင် လှည့်လည်သံချပ်ထိုးနေပြီဖြစ်ကြောင်းသိရသည်။ စစ်ကိုင်းတိုင်းတစ်၀ိုက်ရှိသော ကျေးရွာများကို သံချပ်လက်နက်စွဲကိုင်၍ ခေတ်စနစ်၏ သရုပ်သကန်နှင့် အာဏာရှင်စနစ်ဆိုးကို ထင်ဟပ်စေမည့်...
ရခိုင်ပြည် ကျောက်ဖြူမြို့ ဒေသခံ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီဝင်ဟောင်း ဦးထွန်းလွင်ကို အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးသွားကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးထွန်းလွင်ကို ဧပြီလ ၁၄ ရက်နေ့ နံနက်...
တော်ဝင်ဒေါင်းစစ်ကြောင်း၏ ရဲဘော်များက တော်ဝင်ဒေါင်းတပ်ရင်းတွင် အတူတကွ သင်တန်းဆင်းခဲ့ကြသည့် ရဲဘော်များကိုလည်း သင်္ကြန်ကာလတွင် ပိုမိုသတိရမိကြောင်း သတင်းစကားနှင့်အတူ သင်္ကြန်အထိမ်းအမှတ် ဓာတ်ပုံများနှင့်အတူ ရဲဘော်များအချင်းချင်းသတင်းစကားများပါးခဲ့ကြောင်း သိရှိရသည်။ တောင်ဝင်ဒေါင်း၏ တပ်ရင်းမှူး ရဲဘော် ကိုခန့်က...