November 23, 2024

Month: April 2024

ပုလဲမြို့နယ်တွင် ပုလဲမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ပြည်သူလူထုကို လေကြောင်းအန္တရာယ်ကာကွယ်ရေး သတိပေးစာစောင်များနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်စတစ်ကာများကို ဧပြီလ ၁၀ ရက်နေ့တွင် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်၊မြောက်ဥက္ကလာမြို့နယ် ၊ ဝဇီရာရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးကို ဖျက်အားပြင်း အဝေးထိန်း TNT 1.5 Kg အသုံးပြုထားတဲ့ မိုင်း နဲ့ ဒီနေ့ မနက် ၁၁နာရီ ဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့...
ကြို့ပင်ကောက်မြို့နယ်တွင် ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂက ဦးဆောင်၍ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ၊ မတရားသော စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ရေးအတွက် ပိုစတာများကပ်၍ စစ်အာဏာရှင်ဖီဆန်လှုံ့ဆော်ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်း ၃နေရာမှ စစ်ရှောင်ပြည်သူ ၄၀၀ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ၁၉၈နပ်မြောက်အဖြစ် ထမင်းနှင့် ဟင်းကို အလှူရှင်ကိုယ်စား လှူဒါန်းခဲ့ကြောင်း သိရသည်။
(၂၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားကို ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF စစ်ဗျူဟာ အမှတ် ၁ ဖယ်ခုံဇုန် ၌ပြုလုပ်ခဲ့သည်။ ဖယ်ဖုံနှင့် မိုးဗြဲ မြို့နယ်တို့တွင် ယခုရက်ပိုင်းတိုက်ပွဲများဖြစ်ပွား​ခဲ့သော်လည်း အခမ်းအနားကို​အောင်မြင်စွာပြုလုပ်ခဲ့သည်။ယနေ့(ဧပြီ ၁၀...
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ထံသို့ စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်လာကြောင်း ထုတ်ပြန်လိုက်ပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်လိုသော စစ်ကောင်စီတပ်သားများစွာကို ကြိုဆိုကြောင်း ABSDFက ထပ်လောင်း အသိပေးခဲ့သည်။ စစ်ကောင်စီတပ်သားတစ်ဦးသည်...
စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေများတွင် ပိတ်မိနေသော ပြည်သူများ လွတ်မြောက်နယ်မြေတွင် လာရောက်နေထိုင်ကြရန် ရက္ခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အကြံပြု ပြောကြားလိုက်သည်။ ယနေ့ ဧပြီလ ၁၀...
စစ်ကောင်စီအနေဖြင့် မတရားဖမ်းဆီးထားသော ပြည်သူများအား ၁၀ရက်အတွင်းလွှတ်ပေးရန် အပါအဝင် အချက်သုံးချက်ကို Urban Special Force(U.S.F)က တောင်းဆိုလိုက်ပြီး သတ်မှတ်ရက်အတွင်း ဆောင်ရွက်ခြင်းမရှိပါက စစ်ကောင်စီ၏ ပတ်သက်မှုများကို ပြင်းထန်စွာ အရေးယူမည်ဟု သတိပေးလိုက်သည်။...
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၀ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။ BPLA အနေဖြင့် ကရင်ပြည်နယ်အတွင်း အမှတ် ၁၀၇ စစ်ဒေသ နှင့် ရှမ်းပြည်မြောက်ပိုင်းတွင်အမှတ် ၂၀၃...