September 20, 2024

Month: April 2024

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စခန်းနှင့် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂၁ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် –...
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ”တော်လှန်ရေးသွေးမအေး တောင်ပုသွေး ” သပိတ်စစ်ကြောင်းသည် ကျောင်းသားပြည်သူလူထုနှင့်အတူ အကြမ်းဖက်စစ်အုပ်စု၏ မတရားသည့် စစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်းကြွေးကြော် ချီတက် ဆန္ဒပြခဲ့ကြသည်။
စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၁၀၉၆ရက်မြောက်နေ့အဖြစ် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်းနှင့် ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA က သိမ်းပိုက်ရရှိထားသော နမ့်ခမ်းမြို့နယ်တွင်အခြေခံအကျဆုံးသော အုပ် ချုပ် ရေးယန္တရားဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဥက္ကဋ္ဌများ ရွေးချယ်ရေး တွေ့ဆုံဆွေးနွေးကြကြောင်း TNLA က သတင်းထုတ်ပြန်သည်။ ယမန်နေ့...
ရခိုင်ပြည် အမ်းမြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော ကားလမ်းများတွင် စစ်ကောင်စီက မိုင်းထောင်ခြင်း၊ အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်နေ၍ အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ထားကြောင်း AA က အရေးပေါ်ထုတ်ပြန်...
ဆားလင်းကြီးရှိ စစ်ရှောင်ပြည်သူများကို ဆားလင်းကြီးမြို့နယ်- လက်ပံတောင်းတောင်ပင်မ သပိတ်စစ်ကြောင်းက အလှူရှင်ကိုယ်စား ထမင်းနှင့် ဟင်း လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်နှင့် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်တပ်နှင့်ပူးပေါင်းကာ လောင်းကစား၀ိုင်းများ တရားဝင် ဖွင့်လှစ်ထားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ မကွေးတိုင်းတောင်၊ တောင်တွင်းကြီးမြို့နယ်၊အိုးပေါက်ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်မောင်လတ်သည် ကျေးရွာနေပြည်သူများထံမှ လှည်းနွားရှိအိမ်ထောင်တစ်စုလျင် တစ်သောင်း ကျပ်၊ လက်လုပ်လက်စားများထံမှ...
Generation Z Power-GZP(Mandalay)ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် နှင့် ကျဆုံးရဲဘော် ၂၂ ဦးကို အောက်မေ့တမ်းတဖွယ် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တရုတ်-မြန်မာ နယ်စပ်၊ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ လွယ်ဂျယ်မြို့ကို ယနေ့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များ အပြီးအပိုင် တက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၂၉...
ကရင်နီပြည်နယ်ရှိ စစ်ရှောင်မိသားစုများအတွက် “Karenni community WA Dinner/Concert ကိုယ်စား ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်အဖွဲ့က ဆန်များသွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။