September 20, 2024

Month: May 2024

ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းနှင့် တော်လှန်ပြည်သူများက ညောင်ရေသွန်းလောင်းရင်း တော်လှန်သပိတ်ကျင်းပခဲ့ကြောင်း သိရှိရသည်။
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ကဆုန်လပြည့်နေတွင် အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တော်လှန်နေသော ပြည်သူနွေဦးတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ပါစေကြောင်း တော်လှန်ဆုတောင်းညောင်ရေသွန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပခုက္ကူမြို့နယ် တစ်နေရာတွင် ပခုက္ကူလူထုတိုက်ပွဲကော်မတီနှင့် ပြည်သူသူများပူးပေါင်းကာ“တော်လှန်ကဆုန်ညောင်ရေသွန်းပွဲတော်” ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ အဆိုပါလှုပ်ရှားမှုတွင် ညောင်ရေအိုးများပေါ်၌ “တက်စုံ ဖွင့်ရွက်ကုန်လွှင့်” “အာဏာရှင် စနစ် အမြန်ဆုံး ကျရှုံးပါစေ” “ဖိရင်ကြွမယ် ထိရင်ချမယ်” “ပြည်သူသာ အမိပြည်သူသာအဖ”...
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မိုင်းရှင်းထွက်လာသော စစ်သားသုံးဦး ပစ်ခတ်တိုက်ခိုက် ခံရပြီး နှစ်ဦးသေဆုံးကာ သေနတ်နှစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းခံရကြောင်း သတင်းရရှိသည်။ မေလ ၂၁ရက်က မုံရွာ – မန္တလေးလမ်းပိုင်းတွင် ကြေးနီတင်ယာဉ်များအတွက် မိုင်းရှင်းပေးရန်...
စစ်အာဏာရှင်အားတော်လှန်နေသည့် ဟားငါးကောင်အငြိမ့်အဖွဲ့မှ ဟာသလူရွှင်တော်ဝိုင်းကျော်သည် ယနေ့(မေလ ၂၂ရက်) နံနက် ၁၁နာရီအချိန်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ဆေးရုံ၌ ကွယ်လွန်သွားကြောင်း ၎င်း၏ ဇနီးဖြစ်သူက အတည်ပြုသည်။ တော်လှန်ဟာသလူရွှင်တော်ဝိုင်းကျော်သည် အသည်းခြောက်ရောဂါဖြင့် မဲဆောက်ဆေးရုံ၌ တက်ရောက်ဆေးကုသနေသည်မှာ...
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် ပါရမီရပ်ကွက်ရှိ အခွန်ဦးစီးရုံးမှ Non-CDM ဝန်ထမ်းများနှင့် လ၀က ဝန်ထမ်းများကို တော်လှန်ရေးတပ်တစ်ခုက ဝင်ရောက်ဖမ်းဆီးစဉ် စစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ပြီး အခွန်ဒုဦးစီးမှူး၊ လ၀ကဝန်ထမ်းများ၊ PDF ၁ ဦး...
စစ်ကိုင်းတိုင်း ကလေးမြို့တစ်နေရာတွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီနှင့် တော်လှန်ပြည်သူများက တော်လှန်ကဆုန်ညောင်ရေသွန်းခြင်းနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့ကြကြောင်း သိရှိရသည်။
ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့၊ တိုရန်တိုတက္ကသိုလ် (University of Toronto ) Bahen Center ခန်းမတွင် NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲတစ်ခုကို မေလ...
ယင်းမာပင်မြို့နယ် မြောက်ခြမ်းကျေးရွာများသပိတ်နှင့် ရွာပေါင်းစုံသပိတ်တို့ ပူးပေါင်းကာ အကြမ်းဖက်စစ်တပ် ကျရှုံးရေးသပိတ် ချီတက်ဆန္ဒပြခဲ့ကြကြောင်းသိရှိရသည်။ ထို့ပြင် ရဲဘော်အောင်ဇေ ကျဆုံးခြင်း ၁ နှစ် ၇ လပြည့်အဖြစ် မြန်မာ့ဒီမိုကရေစီ အာဇာနည်အပေါင်းကို ဦးညွှတ်အလေးနီပြုခဲ့ကြကြောင်း...
ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ၂၂ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။