September 20, 2024

Month: May 2024

ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ၁၇ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဂျပန်လွှတ်တော်အမတ်များနှင့် ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး၏ဇနီးက ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ KNU ဥက္ကဋ္ဌ၊ KNPP ဥက္ကဋ္ဌ နှင့် CNF တို့မှ တာဝန်ရှိသူများကို တွေ့ဆုံကြောင်း သိရှိရသည်။...
အကြမ်းဖက် စစ်ကောင်စီရဲ့ အကျဥ်းထောင်တွေအတွင်း သောက်ရေသုံးရေမလုံလောက်မှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး တချို့ထောင်တွေမှာ ထုံးဓာတ်များတဲ့ရေနဲ့ နုန်းအနယ်တွေပါတဲ့ရေတွေကို သောက်နေရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM)က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ အကျဥ်းသားတွေဟာ ထုံးဓာတ်များတဲ့ရေနဲ့...
ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုမှာ ပအိုဝ်းပြည်သူ့စစ်(PNA)က အခု တစ်ပတ်အတ္ငင်း မော်တော်ယာဉ်တွေကို အခွန်ကောက်ခံနေပြီး စိုက်ပျိုးရာသီ နီးကပ်လာတာကြောင့် ဒေသခံတွေအနေနဲ့ အခက်တွေ့နေတယ်လို့ စုံစမ်း သိရပါတယ်။ မေလအကုန် နောက်ဆုံးထည့်ဝင်ရမယ်လို့ သတ်မှတ်ထားပြီး ဒေသခံတွေအနေနဲ့...
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ နမ့်ခမ်းခန်းမတွင် နမ့်ခမ်းမြို့တွင်း အေးချမ်းသာယာရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများနှင့် နမ့်ခမ်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်း...
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင်း နေရပ်စွန့်ခွာစစ်ရှောင်ပြည်သူများအတွက် ကွယ်လွန်သူ UWA ၏ နှစ်သုံးဆယ်ပြည့်ကို ရည်စူး၍ ကျန်ရစ်သူ မိသားစုမှ လှူဒါန်းမှုဖြင့် ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ဝက်သားဟင်းဖြင့် ထမင်းတစ်နပ်စာကို အလှူရှင်ကိုယ်စား လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်တော် ထံမှ သိရသည်။...
ပုလဲမြို့နယ်ရှိ မီးဘေးသင့်ကျေးရွာမှ ပြည်သူ ၄၅၀ ကျော်ကို အပူချိန်မြင့်မားနေသည့် လက်ရှိအချိန်တွင် အပူဒဏ်ကာကွယ်နိုင်စေရန် အညာပစ်တိုင်းထောင်လေးများအဖွဲ့ က ခမောက်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းခရိုင်အမှတ် ၃ တပ်ရင်းမှ စစ်မှုထမ်းဥ‌‌ပဒေဆန့်ကျင်သည့်လူငယ်များပါဝင်သော အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံအလေးပြုခြင်း၊ကျမ်းသစ္စာကျိန်ဆိုခြင်း၊ တပ်ရင်းတာဝန်ရှိပုဂ္ဂိုလ်များက အမှာစကားပြောကြားခြင်း၊ ထူးချွန်‌သင်တန်းသားများအားဆုပေးအပ်ချီးမြင့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။