September 20, 2024

Month: May 2024

ကချင်ပြည်နယ် မိုးမောက်မြို့နှင့် မံစီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ KIAက မံစီရဲစခန်းကို ယနေ့ နေ့လည်တွင် သိမ်းပိုက်ခဲ့ပြီး မိုးမောက်မြို့အတွင်းကိုလည်း KIA များ ဝင်ရောက်နိုင်သည့် အခြေအနေနှင့်ပတ်သက်ပြီး...
မန္တလေးမြို့စက်မှုဇုန်တွင် လျှပ်စစ်ဓာတ်အားမလုံလောက်၍ စက်မှုလုပ်ငန်းအချို့အား လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းလုပ်ကိုင်ခြင်းမပြုရန် စစ်ကောင်စီက တားမြစ်ထားကြောင်း သတင်းရရှိသည်။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်ရှိ ကြေး၊ ဒါန်၊ သတ္တု၊ သံရည်ကျို၊ သံနန်းဆွဲ လုပ်ငန်းများ...
မန္တလေးမြို့တွင် စစ်ကောင်စီ​၏ လူကြီးလမ်းကြောင်းရှိ၍ဟုဆိုကာ လမ်းမသုံးခုရှိ လမ်းဘေးစျေးသည်များအား ယာယီပိတ်သိမ်းခိုင်းထားကြောင်း ဒေသခံများက ပြောသည်။ မန္တလေးမြို့ (၆၄)လမ်းနှင့် (၆၆)လမ်းတလျှောက်ရှိ လမ်းဘေး ဝဲ၊ယာ ကွမ်းယာဆိုင်များ၊ ဓာတ်​ဆီဆိုင်များနှင့် ပျံကျစျေးဆိုင်များအား မေလ...
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ ရက်ရှည်စစ်ရှောင်စခန်း ၄ နေရာမှ စစ်ရှောင်ပြည်သူများ ၅၀၀ ကျော်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ထမင်းနှစ်နပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းတောင်ပင်မသပိတ်နှင့် ၅/လက်ပံတောင်း သပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး မေလ ၇ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့ မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို မိမိကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အရင်ပတ်ကစပြီး စစ်ကောင်စီက စစ်သင်တန်းတက်ခိုင်းထားတယ်လို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ စစ်သင်တန်းကို တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ အမှတ် ၃၅၇...
ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ စစ်သင်တန်းအပတ်စဉ် ၁/၂၀၂၄ မှ ရဲဘော်များက စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ထောက်လှမ်းရေး(စရဖ) တစ်ဦးကို KIA က ဖမ်းဆီးလာစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး သေဆုံးသွားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ မေလ ၆ ရက်နေ့ ညနေ...
အဓမ္မ မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ မေ ၇ ရက်နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို...
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)နှင့် လုံခြုံရေးဂိတ်စခန်းကို KIA ဦးဆောင်သော တော် လှန်ရေးတပ်များက သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ နံနက် ၅ နာရီမှစတင်ပြီး မိုးမောက်မြို့၊ မံစီမြို့နှင့်...