September 20, 2024

Month: May 2024

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကုန်းကြားရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မေလ...
စစ်ကိုင်းတိုင်းရှိ ကျေးရွာများသို့ လှည့်လည်၍ စစ်ရှောင်ရွာနှင့် ကျန်းမာရေးကုသခွင့်မရသော ကျေးရွာ ၇ ရွာသို့ သွားရောက်၍ တကသများ-ရန်ကုန်နှင့် ကျောင်းသားလက်ရုံးတပ်တော်တို့က ဆေးကုသစောင့်‌ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းကျေးရွာများသပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်တပ် ကျရှုံးရေး ပြည်သူများနှင့်အတူ ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်း၊ အမှတ် ၂ စစ်ဒေသတွင် ရဲဘော်သစ်များ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်ကြောင်း ကျား သစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။...
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာတွင် ပထက ကျောင်း G-12 ကျောင်းသားကျောင်းသူများအတွက် စာသင်ဆောင်တစ်ဆောင်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ အဆိုပါ စာသင်ဆောင်ကို ကျောင်းသား ကျောင်းသူ ၇၀ ဦးကျော်အတွက်...
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် ရွှေဘိုမြို့နယ် သပိတ်အင်အားစုနှင့်အတူ ပြည်သူများ စုပေါင်း၍ ယနေ့ မေ ၂၅ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ချီတက်ခဲ့ကြကြောင်း သိရှိရသည်။
ဒီညနေ Version 9.2.0 ထွက်ပါမယ်။ အဲ့တာကို update မလုပ်သေးပဲ 9.2.1 ထွက်လာတဲ့အထိစောင့်ပေးပါ။ 9.2.1 ထွက်လာပြီးရင်တော့ တခြားဘာမှထပ်မလုပ်သေးပဲ လူအင်အားပြန်များလာအောင် အာရုံစိုက်ပြီးလုပ်ပါမယ်။ လူအင်အားများမှသာ ရှေ့ဆက်လို့ရမှာပါ။
ဂျပန် အစိုးရက မြန်မာနိုင်ငံဆီ ပို့ဆောင်တဲ့ ထောက်ပံ့ရေး အစီအစဉ်တွေဟာ အာဏာသိမ်း စစ်ကောင်စီအတွက် အကျိုးရှိနေဆဲလို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က သတိပေး ပြောကြားလိုက်ပါတယ်။ ဂျပန် ဝန်ကြီးချုပ် ဖူမီယို...
ရခိုင်ပြည် မြောက်ဦးမြို့ရှိ AA သိမ်းပိုက်ထားသော မြောက်ဦး ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု AAတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ယနေ့ မေ ၂၄...
ယင်းမာပင်မြို့နယ် မြောက်ခြမ်းကျေးရွာများသပိတ်က အကြမ်း ဖက်စစ်တပ်ကျရှုံးရေး ချီတက်ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။