September 20, 2024

Month: June 2024

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ ဟန်ထက်ကျေးရွာကို စစ်ကောင်စီက ယမန်နေ့(ဇွန်လ ၁၆ရက်) ညပိုင်း၌ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “လူမထိဘူးလို့ သိရတယ်”ဟု ၎င်းက ပြောသည်။ လူထိခိုက်မှုမရှိသော်လည်း နေအိမ်အချို့...
အမျိုးသားညီညွတ်ရေးအစိုးရက “အီဒုလ်အသွဟာ” ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိဒ်ပွဲတော် အထိမ်းအမှတ် သဝဏ်လွှာကို ဒီနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ပေးပို့လိုက်ပါတယ်။ သဝဏ်လွှာထဲမှာတော့ “အီဒုလ်အသွဟာ” အိဒ်ပွဲတော်နေ့ဟာ အစ္စလာမ်ဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်တဲ့ အတွက်...
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာများကို စီးနင်းနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက...
ကလေးမြို့တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီနှင့် ကလေးမြို့ဒေသပြည်သူများ ပူးပေါင်း၍ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်အထိမ်းအမှတ် ပန်းသပိတ်ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အကြို လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ရာ “ ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ ” စာသားကိုင်ဆောင်ကာ လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို...
ပြည်သူ့ကာကွယ်‌ရေးတပ်မတော် (မန္တလေး)ရဲ့ ထိန်းချုပ်နယ်မြေ အတွင်းက စစ်ဘေးရှောင် စခန်းတွေကို ငွေကြေး နဲ့ အစားအ‌သောက် များသွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးတိုင်းအတွင်း စစ်ဘေး‌သင့်ပြည်သူများရဲ့ စစ်ရှောင်စခန်းတွေကို ငွေကြေးနဲ့ အစားအသောက်များ သွားရောက်ထောက်ပံ့ခဲ့တဲ့...
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က ညောင်လေးပင်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီအလောင်းတွေ ၂ လကျော်ကြာတဲ့အထိလာရောက် ကောက်ယူတာမရှိလို့ တော်လှန်ရေးတပ်ဖွဲ့တွေက သဂြိုလ်ပေးနေရတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂ လကျော် ဧပြီလ ၁၃ ရက်က...
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီ နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ကြောင်း KIAသတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။ ယမန်နေ့ ဇွန်လ ၁၈ရက်တွင်လမြန်ကျေးရွာ ဘုရားကျောင်းဝန်းအနီး တပ်စွဲထားသည့်...
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ရိက္ခါကားများအတွက် လမ်းလုံခြုံရေးလိုက်ပါလာသော စစ်ကောင်စီတပ်၏ ​ခြေလျင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း မြိုင်ပကဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ ဇွန်လ ၁၇ ရက် နံနက်...
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် နှစ်ရက် ဆက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဇွန်လ ၁၉ရက်က ဝိုင်းမော်မြို့မြောက်ဘက်တွင် တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ “ ဝိုင်းမော်မြောက်ဘက် ဝူယန်ရွာနဲ့ လုမြန်(လမြန်)ရွာကြား...