September 20, 2024

Month: June 2024

မုံရွာခရိုင်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနှင့် ရုပ်ရှင်ပြပွဲများကို မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့်အတူ အမျိုးသမီးမဟာမိတ်အင်အားစုမှ ရဲဘော်များပူးပေါင်းကာ ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လှုပ်ရှားမှုတွင် လူထုလုပ်ရှားမှုနည်းနာများ၊တော်လှန်‌ထောက်တိုင်များအကြောင်းကို ပြည်သူလူထုကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းကျေးရွာများသပိတ်နှင့် သေမင်းတမန် ပျောက်ကြား တပ်ဖွဲ့တို့ပူးပေါင်းပြီး သေမင်းတမန်ခေါင်းဆောင် ကိုဗန့်ကျီကျဆုံးခြင်း ၁ နှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကြံခင်းမြို့တွင် ပြည်သူများက ယနေ့ ဇွန်လ ၁၂ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
မကွေးတိုင်း မြိုင်မြို့နယ်အတွင်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုဆုတောင်းပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ပွဲကို ယနေ့ ဇွန် ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့​ကြောင်း သိရှိရသည်။
ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်းနှင့် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်တို့ ပူးပေါင်း၍ ယနေ့ ဇွန်လ ၁၂ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ရွာကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ဇွန်လ ၁၁ ရက်နေ့...
ရန်ကုန်မြိုလယ်ရှိ သမ္မတရုပ်ရှင်ရုံတွင် ရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY မှ လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ ဆန္ဒပြမှုတွင် “လွတ်လပ်စွာအနုပညာဖန်တီးခွင့်ကို ကန့်သတ်ပိတ်ပင်သည့် ပုဒ်ထီးပုဒ်မများ...
KNU ထိန်းချုပ်နယ်မြေ ခလယ်လွီထူခရိုင်ရှိ ရှေ့တန်း စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ပြီး ပြန်လာသည့် KNLA တပ်မဟာ ၃ မှ ရဲဘော်များကို မေလ ၁၀ ရက်နေ့တွင် ဂုဏ်ပြု ကြိုဆိုခဲ့ကြောင်း...