September 20, 2024

Month: June 2024

ကရင်နီပြည်နယ် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ရွှေလင်းယုန် စစ်ရှောင်စခန်းမှ ကလေးများအတွက် နန်းရွှေဝန်းနှင့် ယော်ယော်တို့ ပူးပေါင်း၍ မုန့်များ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်အတွင်း စစ်မှုထမ်းရမယ့်သူတွေရဲ့အမည်စာရင်းမှာ အမျိုးသမီးတွေစတင်ပါဝင်လာပြီး ရပ်ကျေးအုပ်ချုပ်‌ရေးမှူးက လူစားထိုးဖို့ငွေတောင်းခံရာမှာ အမျိုးသမီးတွေအတွက်ပါ ကောက်ခံတယ်လို့ မြို့နယ်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။ နတ်တလင်းမြို့နယ်၊ ဘွတ်တောအုပ်စု၊ စက်ရုံရှမ်းစုရွာမှာ စစ်မှုထမ်းရမယ့် လူ ၁၉ ဦးစာရင်းရှိနေပြီး...
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် ရက်ရှည်စစ်ရှောင်စခန်းရှိ စစ်ပြည်သူများအတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က မိုးကာများကို သွားရောက်လှူဒါန်ခဲ့ကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ်တွင်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းက ဒေသပြည်သူ လူထုနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို ထွက်ရှိခဲ့ကြောင်း သိရှိရသည်။
ဆားလင်းလင်းကြီးမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာတွင် ရွှေဗန့်ဂျီသပိတ်စစ်ကြောင်း ဦးဆောင်ကာ ပြည်သူများက အာဏာရှင်စနစ်အမြစ်ပြတ်ရေးနှင့် လေယာဥ်ဆီ ဖြတ်တောက်ရေး ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒပြချီတက်ခဲ့ကြကြောင်း သိရှိရသည်။
ယင်းမာပင်မြို့နယ်တွင် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း၊ ရွှေနွယ်သွေး သပိတ်စစ်ကြောင်းနှင့် ရွာပေါင်းစုံ သပိတ် စစ်ကြောင်း တို့ပူးပေါင်း၍ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး...
လောင်းလုံံးမြို့နယ်ထဲတွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဇွန်လ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လူထုသပိတ်လှုပ်ရှားမှုကို အမျိုးသမီးများ၊ လူငယ်များ ပူးပေါင်းပါဝင်မှုနှင့်အတူ စစ်အာရှင်စနစ်ဆန့်ကျင်ရေး...
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်ကို သွားရောက်လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။
ရေး-ထားဝယ် လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်ရန် အင်အား ဖြည့်တင်းနေသော အကြမ်းဖက် စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်၍ လမ်းပိုင်း အသုံးမပြုရန် ဒေါနစစ်ကြောင်းနှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက သတိပေး ထုတ်ပြန်ထားသည်။...