September 20, 2024

Month: June 2024

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီက ဦးဆောင်ပြီး ယနေ့ ဇွန် ၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရွာတစ်ရွာတွင် ရွှေဘိုမြို့နယ် သပိတ်အင်အားစုရဲ‌ဘော်များက လူထုသပိတ်တိုက်ပွဲ ပြန်လည် အားကောင်းရေး အသိပညာပေးခြင်းနှင့်တော်လှန်ရုပ်ရှင်ပြသခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ်တွင် ရွှေဗန့်ဂျီ (ရွာပေါင်းစုံ)သပိတ်စစ်ကြောင်းက ဆားလင်းကြီးမြို့နယ် တောင်ဘက်ခြမ်း ကျေးရွာတွင် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး လူထုဟစ်ကြွေးသံများဟစ်ကြွေးခြင်းနှင့် ညသပိတ်ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း မုံရွာခရိုင်ထဲရှိ နှစ်ရှည်စစ်ရှောင်စခန်း တစ်နေရာကို We Are People ကူကယ်ရေးအဖွဲ့က ကြာဇံချက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃နေရာကို စစ်ရှောင်ပြည်သူ ၃၅၀ ကျော်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့ က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့်သေဆုံးသည့် အရပ်သားပြည်သူ ၅၀၀ကျော် အထိရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့(ဇွန်လ ၃ရက်) ထုတ်ပြန်သည်။ အရပ်သားသေဆုံးမှုနှင့်ပတ်သက်၍ မြို့နယ် အလိုက်သေဆုံးမှုတွင် လွိုင်ကော်မြို့နယ်၌ ၁၈၀ဦး၊ဖယ်ခုံမြို့နယ် ၁၁၃ဦး၊ဒီးမော့ဆိုမြို့နယ်...
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မဆေးရုံကထွက်လာတဲ့ အကြမ်းဖက် စစ်ဗိုလ်နဲ့ တပ်သား ကို ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့‌တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ခင်ဦး မြို့ပေါ် ပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်ကောင်စီတပ်က ဗိုလ်တစ်ဦးနဲ့ တပ် သားတစ်ဦးက...
ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇွန်လ ၃ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် စစ်ကောင်စီက ရွှေဆိုင်နှင့်ရွှေကုန်သည်များ ၀ရမ်းထုတ်လိုက်ပြီးပြီး ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်နေမှုကြောင့် ယနေ့ နံနက်ပိုင်း စျေးကွက် ပျက်နေပြီး ရွှေတုံးအဝယ်အရောင်း လုပ်မရဖြစ်နေကာ စျေးတန်းကျဆင်းနေကြောင်း ရန်ကုန်ရွှေကုန်သည်များက ပြောဆိုသည်။ “အဝယ်လည်းမရဘူး။...
ကချင်ပြည်နယ်၊ ပူတာအိုဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လမ်ပန်းဆက်သွယ်မှု ခက်ခဲနေတဲ့အပြင် ဖုန်းလိုင်း၊ အင်တာနက်နဲ့ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားစွာဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ပူတာအိုဒေသမှာ MPT၊ Mytel၊ Atom၊ Ooredoo ဖုန်းလိုင်းများရှိသော်လည်း MPTနဲ့...