September 20, 2024

Month: June 2024

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းနှင့် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာတို့ ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်းသိရှိရသည်။
အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင် အမှတ် ၁တပ်ရင်း၊ တပ်ရင်းဖွဲ့စည်းမှု ၂နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ သီတင်း နှစ်ပတ်ကျော်သည်အထိ ပြင်းထန်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ မေလ လယ်ပိုင်းမှစတင်ပြီး ဟုမ္မလင်းမြို့နယ်အတွင်းတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား...
ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇွန်လ ၂ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ရဲတပ်ကြပ်ကြီး ၁ ဦး အပါအဝင် ရဲ ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း Chin National Organization အဖွဲ့ထံမှ သိရသည်။...
ကချင်ပြည်နယ်ရွှေကူမြို့နယ်၊ မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ဗုံးကြဲချတိုက်ခိုက်ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး ဆေးရုံတက်လူနာအချို့ ဒဏ်ရာရရှိခဲ့သည်။ ယမန်နေ့(ဇွန်လ ၁ရက်)ည ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်မှ တိုက်ခိုက်ခြင်းဟု...
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အိမ်စီးကားဖြင့် ထား ဝယ်မြို့ဘက်သို့မောင်းနှင်လာစဥ် စောင့်ကြိုပစ် ခတ်ခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)က အသိပေးထုတ်ပြန်သည်။ ဇွန်လ ၁ရက် နံနက် ၁၁ နာရီ ၂၂ခန့်က...
မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပျူစောထီးငါးဦးသည် လက်နက်များယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်လာခဲ့သည်။ ခြောက်ဦးစလုံးသည် မေလ နောက်ဆုံးပါတ်အတွင်း အလင်းဝင်လာခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ “စစ်တပ်ကဝင်တာက စစ်ကြောင်းကနေဝင်လာတာ။ ပျူစောထီးငါးယောက်ကတော့ ရွာဘက်ကနေ ဝင်တာ။...
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဇွန် ၁ ရက် ဒီကနေ့မှာ KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်။...
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်အခြေစိုက် Black Dragon – GBK PDF ဆီကို စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး လက်အောက်ခံ မြဝတီစာပေတိုက်က တပ်သားတဦး အလင်းဝင်ခဲ့တယ်လို့ GBK...