September 20, 2024

Month: July 2024

ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇူလိုင်လ၈ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် 7 July အထိမ်းအမှတ် အခမ်းအနားပြုလုပ်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့တွင် ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေး အင်အားစုမှ တော်လှန်လူငယ်များ ဦးဆောင်၍ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း...
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ကလေးမြို့နယ်တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနှင့်အတူ ပူးပေါင်းကာ ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ်‌ လက်ကမ်းစာစောင်များကို တော်လှန်ပြည်သူများအား ဖြန့်ဝေသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် PSTF နှင့် ပ.က.ဖ သတင်းပြန်ကြားရေး ရုံးအဖွဲ့က စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အရှေ့ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ပြည်သူများ၏ နေအိမ်များ ထိခိုက်မှုများရှိနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ မိုးကုတ်မြို့ အနောက်ပိုင်းကို TNLA က...
ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ၆၂ နှစ်မြောက် ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားနှင့်အတူ ဟောပြောပွဲ၊လက်ကမ်းစာစောင်မျှဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါအခမ်းအနားကို ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ကာ ဒေသခံပြည်သူများ၏ ပူးပေါင်း အားဖြည့်ကူညီမှုဖြင့် ဖွင့်လှစ်ခဲ့သော ကိုယ်ထူကိုယ်ထ ကျောင်းတစ်ကျောင်းတွင် ပြုလုပ်ခဲ့ခြင်း...
ရန်ကုန်မြို့တွင် ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအင်အားစုများက “ကျောင်းသားရာချီ သတ်ဖြတ်ခံရတဲ့ ဆဲဗင်းဂျူလိုင် ” ပန်းဖလက်များဖြန့်ဝေပြီး ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို...