September 20, 2024

Month: July 2024

ကလေးမြို့နယ်တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေး သပိတ်စစ်ကြောင်းနှင့် ပူးပေါင်းကာ ဇူလိုင်လ ၇ ရက်နေ့တွင် ကျရောက်မည့် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ် လူထုလှုပ်ရှားမှုကို တော်လှန်ပြည်သူများနှင့် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။...
မန္တလေးတိုင်း၊ မိုးကုတ်-သပိတ်ကျင်း လမ်းပိုင်း လုံခြုံရေး သပိတ်ကျင်းမြို့နယ် ပကဖ အဖွဲ့က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် သပိတ်ကျင်းမြို့နယ် (ပကဖ) ၊ သပိတ်ကျင်းတိုက်နယ် (ပကဖ)...
မွန်ပြည်နယ်၊ ဂျိုင်းမြစ်ဝှမ်းဒေသက ဒေသခံအမျိုးသမီးတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ကျူးလွန်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဂျိုင်းမြစ်ဝှမ်းဒေသမှာ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်လာပြီးနောက် နေရပ်ပြန်လာတဲ့ ဒေသခံအမျိုးသမီးတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အပြုအမူအားဖြင့်သော်လည်ကောင်း၊ နှုတ်အားဖြင့်သော်လည်ကောင်း လိင်ပိုင်းဆိုင်ရာ...
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငရယ်ရွာရှိ စစ်ဘေးရှောင်ပြည်သူများအနက် ကျန်းမာရေးမ‌ ကောင်းသူ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ စသည့် လူဦးရေ ၈၀ ကျော်ကို ဆေးဝါးကုသမှု ပေးခဲ့ကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်တိုင်အောင် ခုခံတော်လှန်မှုများကြောင့် နဂိုအတိုင်းပြန်မဖြစ်နိုင်တော့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့က သတိပေးလိုက်သည်။ မြန်မာစစ်အုပ်စုသည်...
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်သို့ ရောက်ရှိသောစစ်သားများ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို စွန့်ခွာပြီး လာရောက် လက်နက်အပ်ကာ ပူးပေါင်းကြရန် KNLA ဗဟိုဌာနချုပ် ထုတ်ပြန်ဖိတ်ခေါ်လိုက်သည်။ ယနေ့ ဇူလိုင်လ ၅ ရက်နေ့စွဲဖြင့်...
ရခိုင်တွင် မိမိနေရပ်မှ တစ်ခြားမြို့ရွာ အသီးသီးသို့ စစ်ဘေးရှောင်လျှက် ရှိနေကြဆဲသူများမှာ လက်ရှိ မိုးတွင်းကာလအတွင်း စားဝတ်နေရေး အကျပ် အတည်း ပိုဖြစ်လာနေကြောင်း စစ်ဘေးရှောင်နေကြရသူများဖြစ်သည်။ နေရပ်မှစွန့်ခွာပြီး နီးစပ်ရာများတွင် ကပ်ခိုနေကြရခြင်းဖြစ်၍ မိုးတွင်းကာလ...
ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇူလိုင်လ၅ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် အနီးရှိ ကာကင်းစခန်းတချို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ရရှိထားပြီး စစ်တပ်ဘက်မှ သေဆုံးသူများရှိကာ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိထားကြောင်း တော်လှန်ရေး ရဲဘော်တချို့က ပြောဆိုသည်။ ဇွန်လ ၂၉ ရက်နေ့...