September 24, 2024

Year: 2024

ကလေးမြို့နယ်တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနှင့်အတူ ပူးပေါင်းကာ ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ်‌ လက်ကမ်းစာစောင်များကို တော်လှန်ပြည်သူများအား ဖြန့်ဝေသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် PSTF နှင့် ပ.က.ဖ သတင်းပြန်ကြားရေး ရုံးအဖွဲ့က စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အရှေ့ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ပြည်သူများ၏ နေအိမ်များ ထိခိုက်မှုများရှိနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ မိုးကုတ်မြို့ အနောက်ပိုင်းကို TNLA က...
ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ၆၂ နှစ်မြောက် ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားနှင့်အတူ ဟောပြောပွဲ၊လက်ကမ်းစာစောင်မျှဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါအခမ်းအနားကို ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ကာ ဒေသခံပြည်သူများ၏ ပူးပေါင်း အားဖြည့်ကူညီမှုဖြင့် ဖွင့်လှစ်ခဲ့သော ကိုယ်ထူကိုယ်ထ ကျောင်းတစ်ကျောင်းတွင် ပြုလုပ်ခဲ့ခြင်း...
ရန်ကုန်မြို့တွင် ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအင်အားစုများက “ကျောင်းသားရာချီ သတ်ဖြတ်ခံရတဲ့ ဆဲဗင်းဂျူလိုင် ” ပန်းဖလက်များဖြန့်ဝေပြီး ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို...
အကြမ်းဖက်စစ်ကောင်စီက ထိုင်းရောက် မြန်မာအလုပ်သမားများအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံမှုနှင့် CI ထုတ်ပေးသည့် ရုံးများ ပိတ်သိမ်းမှုအပေါ် ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာအလုပ်သမားတချို့က ယနေ့ ကန့်ကွက်ဆန္ဒပြကြကြောင်း သိရှိရသည်။
မြိုင်မြို့နယ်တွင် ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ အဆိုပါ အခမ်းအနားတွင် “7 July စိတ်ဓာတ် ကိုင်ဆွဲတိုက်ပွဲဝင်ကြ” ဆိုသည့် ခေါင်းစဉ်နှင့် ကျောင်းသား...
မလေးရှားနိုင်ငံ NLD OC International Malaysia ရုံးတွင် ဥက္ကဋ္ဌ ဦးစောမူးမူးက ဦးဆောင်၍ ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ် ကမ်ပိန်းကို ကျင်းပခဲ့ပြီး စစ်ဆာဏာရှင်စနစ်အမြန်ဆုံးကျရှုံးရေး ကြွေးကြော်ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့ဒုံဒယ်ဂူးဘူတာရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ နှင့် ပြည်သူ့အစိုးရ ဖြစ်သည့် NUG အစိုးရကို ထောက်ခံပွဲ ပြုလုပ်ခဲ့ကာ တောင်ကိုရီးယားနိူင်ငံရောက် မြန်မာနိုင်ငံသား တော်လှန်ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။...