September 24, 2024

Year: 2024

မြန်မာတစ်ပြည်လုံး အခွင့်အရေးတန်းတူညီမျှရရှိဖို့အတွက် စစ်အာဏာရူးကိုတိုက်ဖျက်ရာမှာ ပအိုဝ်းတွေလည်း ပါဝင်တိုက်ပွဲဝင်နေတာမို့ ပအိုဝ်းတွေရဲ့ “ဝေဟင်ကိုထိန်း မြေပြင်သိမ်း” ကမ်ပိန်းမှာ ပါဝင်ပေးကြို့အတွက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က တိုက်တွန်းထားပါတယ်။ မြန်မာပြည်မှာ ပအိုဝ်းလူမျိုးတွေထဲက...
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့(ဇွန်လ ၂၇) တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဇွန်လ ၂၇ရက် နံနက် ၈နာရီခွဲခန့်တွင်...
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် (ငြိမ်း)၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်း အတွက် ဒီနေ့မှာ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။ သဝဏ်လွှာထဲမှာ...
နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် ကျောက်မဲမြို့တို့တွင် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် အရပ် သား ၃ ဦးသေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ ဇွန်လ ၂၇ ရက်နေ့ ကျောက်မဲမြို့...
မြန်မာနိုင်ငံတစ်ဝန်းမြို့ကြီးများရှိ စူပါမားကတ်များ၊ စျေးဝယ်စင်တာများတွင် သိုလှောင်ထားသော ဆန်များကို စစ်ကောင်စီ၏ သတ်မှတ်စျေးဖြင့် ရောင်းချရန် ၊ နေ့စဉ် အရောင်း အဝယ်စာရင်းများပေးပို့ရန် ပိုင်ရှင်နှင့် လုပ်ငန်းရှင်များကို စစ်ကောင်စီက ခံဝန် လက်မှတ်...
ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇွန်လ၂၈ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မြစိမ်းရွာသား ဦးစိုးအောင်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပစ်သတ်ပြီး မိန်းမ ဖြစ်သူကို မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ကြောင်း စဉ့်ကူးမြို့နယ် ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက...
လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) က ဦးဆောင်၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လှုပ်ရှားမှုတွင် လူထုသပိတ်လှုပ်ရှားမှုကို အမျိုးသမီး၊ လူငယ်များနှင့် ဒေသပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ်တွင် စစ်ရှောင်စခန်း ၃ နေရာမှစစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းသည် ဇွန်လ ၂၇ နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။