September 27, 2024

Year: 2024

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့မှ စစ်ဘေးသင့် ပြည်သူများအတွက် ပြည်ပနိုင်ငံအချို့မှအလှူရှင်များက ပေးပို့သည့်ကယ်ဆယ်ရေးပစ္စည်းများကို ဒေသတွင်းလူမှုကူညီရေးအဖွဲ့အစည်းများက သွားရောက်လှူဒါန်းခဲ့ကြသည်။ စစ်ဘေးသင့် အိမ်ထောင်စုတစ်ရာကျော်အတွက် စားသောက်ကုန်အချို့နှင့် အိမ်သုံးပစ္စည်းအချို့ပါဝင်သည့် ကယ်ဆယ်ရေးပစ္စည်းများကို မေလ ၂၆ရက်တွင် အိမ်ထောင်စုတစ်စုချင်းစီအလိုက် သွားရောက်ထောက်ပံ့ခဲ့ခြင်းဟု လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက...
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အတွင်းက ကိုယ်ထူ ကိုယ်ထကျောင်း တကျောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်( PDF) ဂဠုန်စစ်ကြောင်းက ငွေကျပ် ၅ သိန်း‌ထောက်ပံ့ခဲ့တယ်လို့ မနေ့က အသိပေးပါတယ်။ မကြာမီကာလမှာ ကျောင်းများ...
ချင်းပြည်နယ်၊ မတူပီမြို့၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် ခရိုင်ရုံးကို CDF – Matupi တပ်ရင်း ၂ က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း CDF – Matupi...
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲတွင် အာဏာရှင်ဆန်သမျှ တာဝန်အရဆန့်ကျင်ကြရန်၊ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် လူထုတိုက်ပွဲကို အရှိန်မြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းလှုံ့ဆော်သည့် အနေနှင့် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်း ထောင်လေးများအဖွဲ့က ထမင်းတစ်နပ် အလှူရှင်ကိုယ်စား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နှစ်အတွင်း တော်လှန်ရေး ရဲဘော် ၁ ဦးကို သေဆုံးသည်အထိ ရိုက်နှက်ဖမ်းဆီးခဲ့သည့် ငွေတောင်စားသောက်ဆိုင်ရှေ့တွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ မေလ ၃၀ ရက်နေ့...
ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ ၃၀ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းကျေးရွာများသပိတ်က ဒီနေ့မှာ အကြမ်းဖက်စစ်တပ် ကျရှုံးရေးချီတက်ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တပ်ရင်း ၂၅ ၊တပ်ခွဲ ၃ မှ ရဲဘော်များ၏ သင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၃၀ ရက်နေ့တွင် အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း သိရှိရသည်။