September 28, 2024

Year: 2024

ကရင်နီပြည်နယ်အခြေစိုက် KNDF တပ်ရင်း ၂ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် ၃ က ရဲဘော်များက စစ်ရေးပြ လေ့ကျင့်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဒေါက်တာမီမီဝင်းဘတ်နှင့် မြန်မာ့အရေးစိတ်ဝင်စားသည့် ပြင်သစ်လူမျိုးများ၊ မြန်မာနိုင်ငံဖွားတိုင်းရင်းသားများနှင့် တွေ့ဆုံကာ အနာဂတ်ဖယ်ဒရယ်ရေးကိစ္စများ၊ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည်များအပြင် လက်ရှိမြန့်မာ့အရေးအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ထားဝယ်မြို့နယ်တွင် (ထားဝယ်-ပ.က.ဖ ) ဥဩဆေးအဖွဲ့က စစ်ဘေးရှောင်ပြည်သူများနှင့် ပြည်သူ့ရဲဘော်များကို ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက စစ်သားစုဆောင်းပေးသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၏ သားနှင့် တူတော်စပ်သူများကို စစ်မှုထမ်းခွင့် ယာယီကင်းလွတ်ခွင့်ပြုထားကြောင်း ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။ “ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေနဲ့ စစ်သားစုဆောင်းပေးတဲ့ အကူတွေရဲ့ သားတွေ၊ တူတော်စပ်သူတွေ...
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံတောင်တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ခရီးသည်တင်ကားများနှင် ကုန်ကားများ မံစီမြို့နယ်၊ ဂျန်မိုင်ကျေးရွာတွင် ပိတ်မိနေခဲ့ကြောင်း၊ ယင်းနေရာကို စစ်တပ်က ယနေ့ နံနက်ပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် လူ ၅...
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးပြီး အဆောက်အအုံ ၃ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့- MSPDF မှ သတင်းနှင့်ပြန်ကြားရေး...
မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်မှုထမ်းရန် လူစုဆောင်း ပေးနေသည့် ပျူစောထီး ခေါင်းဆောင် တိုင်းမြို့ ဇယ်တောက်နေစဉ် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ဒေါင်းစစ်သည် ပြောက်ကျားတပ် မှ တာ၀န်ခံ ဒေါင်းသွေးနီ...
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ အမှတ် ၃ တပ်မတော် တပ်ထိန်းတပ်ဖွဲ့၏ တပ်မှူးနေအိမ် နှင့်ရုံး ကို ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) က ၁၀၇ မမ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းပကဖမှ တာဝန်ရှိသူတစ်ဦးက...
ကချင်ပြည်နယ်၊ မိုးမောက်မြို့နှင့် ၂ မိုင်အကွာ၊ ဗန်းမော်မြို့နှင့် ၇ မိုင်ကျော်အကွာရှိ စစ်ကောင်စီတပ်၏ ကျောက်စခန်းနှင့် မဒါဘွမ်စစ်စခန်းတို့ကို ယမန်နေ့ ညနေပိုင်းတွင် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က...
စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်တွင် ယနေ့ (ဧပြီ ၃) နံနက်ပိုင်း၌ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တော်လှန်လူငယ်များက ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ ယင်းလူငယ်များက “စကစရဲ့ပေါ်တာဆွဲညွှန်ကြားချက် လူထုအားနဲ့တိုက်ဖျက်ကြ” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းနှင့်...