အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ပုလဲမြို့နယ်မှာ အခြေစိုက်တဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင် အမှတ် (၇) တပ်ရင်း၊ အမှတ် (၁၀)တပ်ရင်းနဲ့ အမှတ် (၁၂) တပ်ရင်းကို ပူးပေါင်းပြီး ပုလဲ ဗျူဟာကို ဖွဲ့စည်းပြီးဖြစ်တယ်လို့ ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
တပ်ရင်း(၃) ရင်း တစ်ဗျူဟာနဲ့ ဗျူဟာတပ်အဖြစ် “ပုလဲဗျူဟာ” ကို ၂၀၂၃ ခုနှစ် မေလ (၅) ရက်နေ့မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲစည်းခြင်း (၂) နှစ်ပြည့်တဲ့နေ့မှာ စတင်ဖွဲစည်းလိုက်တယ်လို့ တော်လှန် ရေး မဟာမိတ်အဖွဲ့တွေက အသိပေးကြေညာတာပါ။
ဗျူဟာတပ်တစ်ခုရဲ့ စီမံထောက်ပို့ စစ်ဆင်နိုင်စွမ်းတို့နဲ့ အညီ “တော်လှန်ရေးလုပ်အားပိုမိုအား ကောင်းလာစေဖို့၊ ပြည်သူလူထုကို ပိုမိုထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးနဲ့ ဗျူဟာတပ်တွေ စတင်ကာ တပ်မကြီးတွေ အဆင့်ဆင့် ဖွဲ့စည်းရာတွင်လိုက်ပါ ကူညီနိုင်ရေးတို့ကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအပြင် နိုင်ငံလုံးဆိုင်ရာ ဖယ်ဒရယ်တပ်မတော်မတော်သစ်တရပ် ပေါ်ပေါက်လာရေးနဲ့ ဖယ်ဒရယ် တပ်မတော်သစ်ကို အခြေပြုတည်ဆောက်ရမယ့် ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်လာရေးတို့ကို ရှေးရှုရည်ရွယ်ပြီး ဗျူဟာတပ် တစ်ခုအဖြစ် ဦးစွာဖွဲ့စည်းလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတပ်ရင်း (၃) ရင်းကို ညီညွတ်စွာ ပူးပေါင်းပြီး တိုးချဲ့ ဖွဲ့စည်းလိုက်တဲ့ ဗျူဟာတပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စည်းမျဉ်း စည်းကမ်း Code of Conduct တို့ကို အပြည့် အဝ လိုက်နာမယ့်ဗျူဟာတပ် ဖြစ်တယ်လို့ သိရပါတယ်။