ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရင်း မေလ ၇ ရက်နေ့မနက်ပိုင်းမှာ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ( DMO-PDF ) ရဲဘော် အငယ်လေး ကျဆုံးသွားခဲ့ရတယ်လို့ DMO-PDF ရဲ့ ဒီကနေ့ မေလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်အငယ်လေးကို ကျန်ရစ်ခဲ့တဲ့ မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲကြောင်းနဲ့ အာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိအမှတ်ပြု မော်ကွန်းတပ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်တွေနဲ့ အပြစ်မဲ့ပြည်သူတွေအတွက် အမြဲအမှတ်ရနေပြီး DMO-PDF အနေနဲ့ စစ်အာဏာရှင် အမြတ်ပြတ်ချေမှုန်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့မှာလည်း KNDF တပ်ရင်း ၁၀ က ရဲဘော်တစ်ဦးတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်အရ သိရပါတယ်။