စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ လမ်းစုံမှာ တပ်စွဲပြီး စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဂိတ်ကို ဒီနေ့ မေ ၁၁ ရက် မနက် ၉ နာရီ ၄၅ မိနစ်က ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်ဆေးရေးဂိတ်မှာ ရဲနဲ့ စစ်သား ပူးပေါင်းပြီး စစ်ဆေးရေးပြုလုပ်နေတဲ့ ဂိတ်တခု ဖြစ်တယ်လို့လည်း ဒေသခံ ကာကွယ်ရေးအဖွဲဝင်တွေက ပြောပါတယ်။
ZERO ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက “အဲ့စခန်းမှာက ရဲနဲ့ စစ်သားကတော့ ၁၅ ယောက်ရှိတယ်ဗျ။ ဒါမျိုးပွဲလုပ်နိုင်ဖို့ ကျနော်တို့ဘက်က ကြိုတင် သတင်းထောက်လှမ်းတာတွေ အရင်လုပ်ပြီး သေချာမှ လုပ်တာဗျ။ ကျနော်တို့ ဒရုန်းနဲ့ မိုင်းအကြီး ၄ လုံးချ တိုက်ခဲ့တယ်။ ချတဲ့မိုင်းကတော့ အတိအကျ စခ၊ ရခတွေအနီး ကျရောက်ပေါက်ကွဲခဲ့တယ်။ စခ၊ ရခ ကျနော်တို့မိုင်းချလို့ ၆ ကောင် သေတယ်၊ ၇ ကောင် ဒဏ်ရာရတယ်။ အတိအကျသိရနိုင်ဖို့ ကျနော်တို့ မစ်ရှင်မစခင် ကိုယ့်ဘက်က (–)ဂိတ်အနီးမှာသွားပြီး စကောက်တဦး အရင်သွားထားတော့ အတိအကျ အခုလိုသိရတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မူကို ZERO ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း-၇ မြင်းခြံခရိုင် နဂါးနီတပ်ရင်း၊ တပ်ရင်း-၁ ကျောက်ဆည်ခရိုင်နဲ့အတူ တပ်ရင်း-၁၅ ရွှေဘိုခရိုင်၊ ဆားတောင်မိုးကြိုးအဖွဲ့နဲ့ နယ်မြေခံ PDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။