စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း YOUNG WOLF L.P.D.F အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်ရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းကို YOUNG WOLF L.P.D.F အဖွဲ့က Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” အတွင်း သတင်းတွေ အရတော့ စစ်ခွေး ၃ ကောင် ထိခိုက် ဒဏ်ရာရတယ်။ ဒီထက်မက မစ်ရှင်တွေ ဖော်ဆောင်နိုင်ဖို့ အတွက် အလှူငွေေ လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ လှူဒါန်းလိုတဲ့ အလှူရှင်တွေ အနေနဲ့ YOUNG WOLF L.P.D.F Facebook page ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်” ဟု YOUNG WOLF L.P.D.F အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။