စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် မုန်တိုင်းမိုးရေးကြားထဲ ပြည်သူထောင်ပေါင်းများစွာ ထွက်ပြေးနေရကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မုန်တိုင်းစတင်ချိန် မေလ ၁၂ ရက်နေ့မှ စ၍ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ(ပျူ)တွင်တပ်စွဲထားသောစစ်တပ်၊ ပျူစောထီး အင်အား ၁၅၀ ခန့်က ကနီမြို့နယ်အတွင်း ဝင်ရောက်ခဲ့ပြီး ဘန့်ဘွေး (ပျူ)ရွာနှင့် တွင်းကျေးရွာကြား စိုက်ခင်းတစ်ခုအတွင်း အလုပ်လုပ်နေသူ အသက် ၄ နှစ်အရွယ် ယောက်ျား လေးတစ်ဦး၊ အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် လူကြီးတစ်ဦး စုစုပေါင်း ၃ ဦးကို သတ်ဖြတ်သွားပြီး မေလ ၁၃ ရက်နေ့တွင် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ထပ်မံသတ်ဖြတ်ခဲ့ ကြောင်း သိရသည်။
“မနေ့က မိုးထဲရေထဲ ရွာတစ်ရွာကို သွားပြီး ကယ်ထုတ်ခဲ့တယ်၊ အခုခွေးတွေက သမင်ခြံကျေးရွာအနီးမှာ ရောက်နေပြီ၊ မိုးကလဲ အရမ်းရွာနေတာ၊ မိုးထဲရေထဲ ထွက်ပြေးနေရတော့ အသက်ကြီးပိုင်းတွေ ဖျားနေ ကြ တယ်၊ အတော်ဒုက္ခရောက်နေကြပါတယ်၊ မိုးကလည်း အဆက်မပြတ်ရွာနေတော့၊” ဟု ကျောက်လုံး ကြီး KLG တပ်မဟာ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အကြမ်းဖက်စစ်တပ်၊ ပျူစောထီးများ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် တွင်းကျေးရွာ၊ ချောင်းမကျေး ရွာ၊ လယ်ရှည်ကျေးရွာ၊ ယကန်းတိုင်ကျေးရွာ၊ မင်းမကျေးရွာ၊ သင့်ဝင်ကျေးရွာ၊ သမင်ခြံကျေးရွာ၊ မုဌော ကျေးရွာ၊ ငါးဖျက်ကျေးရွာ၊ ပန်းဆိုင်ကျေးရွာ၊ တဇယ်ချောင်ကျေးရွာ၊ ညောင်ပင်ဝန်းကျေးရွာ၊ ဝါးတန်း ကျေးရွာနေပြည်သူ ၅၀၀၀ ကျော်မှာ မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။