အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းသည့် တရုတ်အစိုးရအား ဆန့်ကျင်ကြောင်း ပြည်ပရောက် မြန်မာများက ယနေ့ (မေလ ၁၄) နံနက် ဆန္ဒပြခဲ့ကြသည်။
အမေရိကန်ရောက် မြန်မာများက တရုတ်အစိုးရနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရုပ်ပုံတို့ကို မီးရှို့၍ ဖက်ဆစ်စစ်အုပ်စုနှင့် ပူးပေါင်းပြီး မြန်မာပြည်အား ဖျက်ဆီးနေခြင်းကို အမြန်ဆုံးရပ်တန့်ရန် ကြွေးကြော်ခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲကို Free Burma Action Committee-San Francisco အဖွဲ့က ဦးဆောင်ပြီး ပြည်ပရောက် နွေဦးတော်လှန်ရေး အင်အားစုများ ပူးပေါင်းပါဝင်ခဲ့ကြသည်။