အလွန့်အလွန် အားပြင်းသော ဆိုက်ကလုံး မိုခါဒဏ်ခံရတဲ့ပြည်သူတွေအတွက် နိုင်ငံတကာ အသိုင်းအဝန်းက ပံ့ပိုးကူညီမှုတွေပြုလုပ်ကြဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနဖိတ်ခေါ်လိုက်ပါတယ်။
မုန်တိုင်း မိုခါဟာ မေလ ၁၄ ရက်မှာ ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်နေပြီး ကုန်းတွင်းကိုဝင်နေချိန်မှာ လေတိုက်နှုန်းကတော့ တစ်နာရီ ၁၂၀ နှုန်းလောက်နဲ့ ဖြတ်ကျော်ဝင်ရောက်ခဲ့တာပါ။
မေလ ၁၄ ရက် ညပိုင်းမှာတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်ကို ဖြတ်ကျော်ဝင်ရောက်နေပြီး မုန်တိုင်းဒဏ်ကို ခံစားရတဲ့ ပြည်သူတွေအများအပြားရှိနေပါတယ်။ နိုင်ငံနေရာအနှံ့အပြားမှာ ရှိတဲ့ စစ်ဘေးရှောင်နဲ့ ဒုက္ခသည်စခန်းတွေလည်း မုန်တိုင်းဒဏ်ကို ခံစားနေရပါတယ်။
ဒါပေမယ့် အကြမ်းဖက်စစ်ကောင်စီကတော့ မုန်တိုင်းဒဏ်ခံနေရတဲ့ ပြည်သူတွေကိုပဲ စစ်ကြောင်းတွေ ထိုးနေပြီး ပိုပြီး ဆိုးဝါးတဲ့ အခြေအနေတွေ ဖြစ်ပေါ်စေဖို့ ဖန်တီးနေပါတယ်။
ဒါကြောင့်နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တကွအတူပူးပေါင်းပြီး ပြည်သူတွေကို ကူညီနိုင်ဖို့ ဖိတ်ခေါ်လိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” အရေးပေါ်တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ကလည်း ရန်ပုံငွေ ဒေါ်လာ ၁ သန်းမတည်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။