ထိုင်းနိုင်ငံ ဘန်ကောက်တွင် UG Family ထောက်ပို့မှ ထိုင်းနိုင်ငံ ရွေးကောက်ပွဲရှိသည့် ယနေ့ မေ ၁၄ ရက်နေ့တွင် အလှူခံရာတွင် အလှူငွေ ဘတ် ၇၀၀၀ ခန့် ရရှိခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲနေ့မှာ ကောက်တာ ၇ ထောင် ဘတ် ရပါတယ်။ ရွေးကောက်ပွဲ ရှိရင်လည်း လုပ်စရာရှိတာတော့ ပုံမှန် လုပ်သွားရမှာပါပဲ။ အရင်ကလည်း ဖြစ်လာရင် ဘယ်သူမှ ကူညီမှာ မဟုတ်ဘူးဆိုတဲ့ကြားထဲက လုပ်ခဲ့ရတာပဲ။ အလုပ်နဲ့ပဲ သက်သေပြတယ်။ တော်လှန်ရေးအတွက် အလှူငွေ ဘယ်လိုရှာရမလဲပဲ အားစိုက်လုပ်တယ်” ဟု UG Family ထောက်ပို့အဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။