ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်သွားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့နယ် မှာ ဆက်သွယ်ရေးတာဝါတိုင်လိုအဆောက်အဦးတွေအပြင် နေအိမ်တွေပါ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
မုန်တိုင်းဟာ ဒီနေ့ နေ့လယ်ပိုင်းက စတင်ပြီး စစ်တွေမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ပင်လယ်ဒီရေပါ မြို့ထဲက လူနေရပ်ကွက်တွေထဲအလုံးအရင်းနဲ့ဝင်ရောက်ခဲ့တာတွေ့ရပါတယ်။
ရန်ကုန်မြို့မှာအခြေချပြီး ကူညီကယ်ဆယ်ရေးပံ့ပိုးဖို့အချက်အလက်ကောက်ခံနေသူတစ်ဦးရဲ့ပြောပြချက်အရ စစ်တွေမြို့ မြေပြင်က ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တယ်လီဖုန်းဆက်သွယ်ရေးဟာ ဒီနေ့ ညနေပိုင်းကစတင်ပြီးပြတ်တောက်နေတယ်လို့ သိရပါတယ်။
ရခိုင်ကမ်းရိုးတန်း ကို ဖြတ်သန်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ဒေသခံ ၁ဒဿမ ၉ သန်း ထိခိုက်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ရဲ့နောက်ဆုံးစာရင်းတွေမှာတွေ့ရပါတယ်။