ရန်ကုန်၊ စမ်းချောင်းမြို့နယ်နဲ့ ရွှေပေါက်ကံမြို့မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း ၈ လုံးကို တွေ့ရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက ပိတ်ဆို့ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မေလ ၁၆ ရက် ဒီနေ့မနက် ၈ နာရီခွဲက မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့ ၂၁ ရပ်ကွက်ရှိ ညောင်ရမ်းလမ်းနဲ့ ပုဂံလမ်းထောင့်မှာ စစ်ကောင်စီတပ်က လက်လုပ်ဗုံးလေးလုံးကို တွေ့ရှိခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
“မြို့နယ်စာတိုက်လမ်းဘေးက မြောင်းထဲကတွေ့တာ။ ရေပိုက်နဲ့လုပ်ထားတဲ့လက်လုပ်ဗုံးတွေ စစ်တပ်က လာပြီးယူသွားတယ်၊ အဲ့ဒီနားကိုလည်း စစ်ဆေးသေးတယ်”လို့ပြောပါတယ်။
မနေ့ညနေငါးနာရီကျော်ကလည်း စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်က နေရာလေးခုမှာ မပေါက်ကွဲသေးတဲ့လက်လုပ်ဗုံးလေးလုံးကို စစ်ကောင်စီတပ်နဲ့ရဲတွေက တွေ့ရှိခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
“ဗဟိုလမ်းက ယာဥ်ထိန်းရုံးနားရယ်၊ လမ်းဦးစီးရုံးရှေ့ရယ်၊ News day ဆီဆိုင်နားရယ်၊ အဲ့နေရာတွေမှာ တွေ့တာ။၊ မပေါက်သေးတဲ့ ဗုံးတွေ စစ်တပ်ကပဲ လာသိမ်းသွားတယ်။”
ဗုံးလေးလုံးတွေ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ဗဟိုလမ်းနဲ့ ဗားကရာလမ်းထောင့်မှာ လမ်းသွားလမ်းလာနဲ့ကားတွေကို စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီကသိရပါတယ်။